37 C
Yangon

မြင်းမူမြို့ပေါ် အုပ်စုဖွဲ့ ခြင်းခတ်နေသော စစ်အုပ်စုကို ဗုံးဖြင့်တိုက်ခိုက်မှု စစ် သား ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ၁၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် အုပ်စုဖွဲ့ ပိုက်ကျော်ခြင်း ခတ်နေသည့် စစ်ကောင် စီတပ်သားများကို ယနေ့ ညနေပိုင်းတွင် ဗုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေး True Fighter အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၁၅ ရက်နေ့ ညနေ၅နာရီ အချိန် True Fighterနှင့် မြင်းခြံzero ပျောက်ကျားတပ်တို့ပူးပေါင်း၍ မြင်းမူမြို့ပေါ် အထကစာသင်ကျောင်းအတွင်းတွင် အုပ်စုဖွဲ့ပိုက်ကျော်ခြင်းခတ်နေသည့် စစ်ကောင်စီတပ်သားများကို ဗုံးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ခြင်း၀ိုင်းအလယ်တည့်တည့်သို့ ဗုံးကျရောက် ပေါက်ကွဲကြောင်း၊ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကြောင်း သိရှိရသည်။

“ဆိုင်ကယ်နဲ့သွားပစ်ခဲ့တာ ။ သူတို့ကစားနေတဲ့ ကွင်းအလယ်ခေါင်ကို ကျပြီး ပေါက်ကွဲတယ်။ စစ်ခွေးတွေဘက်က ၇ ဦး ကျတယ်လို့ အတွင်းဖရဲသီးကတော့ပြန်ပြောတယ်။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိခဲ့ဘူး။ ပစ်ခတ်တဲ့ဗုံးအမျိုး အစားက လျှက်ဆားဗုံးလို့ခေါ်တာနဲ့ပစ်ခတ်ခဲ့တာ။ အဲဗုံးက သာမာန်လက်ပစ်ဗုန်းထက် ပြင်းအားနှစ်ဆရှိတယ်။ အဲဒါကြောင့် ဒီကောင်တွေ အထိခိုက်များရတာ” ဟု True Fighterအဖွဲ့ဝင်တစ်ဦးကပြောသည်။

မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်များကို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့က နေ့စဉ်လိုလို ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article