34 C
Yangon

Khit Thit ၏ သတင်းပို့စ်များအောက်တွင် အကောင့်ဟက်ပေးမည်ဆိုပြီး ငွေလိမ်လည်သည့် Lily Par (IT) အကောင့်နှင့် Telegram လင့်များ ရှယ်နေသည့် အကောင့်များကို သတိထားကြရန် အသိပေးခြင်း

Must read

Khit Thit ၏ သတင်းပို့စ်များအောက်တွင် အကောင့်ဟက်ပေးမည်ဆိုပြီး ငွေလိမ်လည်သည့် Lily Par (IT) အကောင့်နှင့် Telegram လင့်များ ရှယ်နေသည့် အကောင့်များကို သတိထားကြရန် နှိုးဆော်အပ်ပါသည်။

Khit Thit၏ သတင်းပို့စ်များအောက်တွင် “Facebook အကောင့်တွေ ဟက်ပေးနေတဲ့ ဆရာပါ လိုအပ်သူများ ဟက်ခိုင်းလို့ ရပါတယ်” ဆိုသော စာသားဖြင့် https://www.facebook.com/itlilylilypar အကောင့်ကို လင့်ချပေး‌ပြီး Comment ပေးကာ အများပြည်သူများထံမှ ငွေကြေးလိမ်လည်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါသည်။

အဆိုပါအကောင့်သည် ဖေ့ဘုတ် အကောင့်များ ဟက်ပေးမည်ဆိုကာ Wave ၊ K Pay များမှ ငွေကျပ် ၃ သောင်းမှ ၆ သောင်းအထိ တောင်းယူပြီး ငွေရရှိသောအခါ ငွေလွှဲပေးသူများကို Block လုပ်ပြီး ငွေကြေးများ လိမ်လည်မှုများ ဆက်တိုက်ကျူးလွန်နေပါသည်။ ထို့ကြောင့် လိမ်လည်မှုများလုပ်နေသော Lily Par (IT)ကို သတိထားကြရန် ပြည်သူများကို အသိပေးအပ်ပါသည်။

ထို့ပြင် Khit Thit ၏ သတင်းပို့စ်များအောက်တွင် တယ်လီဂရမ်လင့်များ လာရောက်ရှယ်နေသည့် Comment များကို သတိထားကြရန်၊ ပေးထားသည့် တယ်လီဂရမ်လင့်များကို မနှိပ်ကြပါရန် အသိပေးအပ်ပါသည်။

အယ်ဒီတာအဖွဲ့
ရန်ကုန်ခေတ်သစ်သတင်းဌာန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article