28 C
Yangon

ဒီပဲယင်းတွင် ကလေးငယ်များကို ပစ်သတ်သွားသည့် စစ်ရဟတ်ယာဉ်များကို အဓိက ပြင်ဆင်ပေးရသူ၊ အကျင့်ပျက်ခြစားမှုများသော ဒုတိယ ဗိုလ်မှူးကြီး ဝင်းမော်

Must read

By ဖရဲသီး

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင် ကျောင်းကို လေတပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ် ၆ ဦး၊ ရွာသား ၇ ဦး၊ အပြစ်မဲ့ဒေသခံပြည်သူစုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်အတွက် လေတပ်တွင် အဓိက တာဝန်ရှိပြီး ဒုတိယဗိုလ်မှူးကြီးဝင်းမော်သည်လည်း တာဝန်ရှိသူများထဲတွင် တစ်ဦးအဖြစ် ပါဝင်နေသည်။ ဒုတိယဗိုလ်မှူးကြီးဝင်းမော်သည်လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မိတ္ထီလာ) မှဖြစ်ပြီး တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များကို ပြင်ဆင်ပေးရမှုတွင် ဦးဆောင်ရသူတစ်ဦးလည်းဖြစ်သည်။

ကလေးငယ်များကို သတ်ဖြတ်သော တရားခံတစ်ဦးအဖြစ်သာမက လေတပ်၏ အကျင့်ပျက်ခြစားမှုတွင်လည်း ၎င်းက ထိပ်ဆုံးမှ ဦးဆောင်နေသူလည်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် လေတပ်တွင် လုပ်ရိုးလုပ်စဉ် အစဉ်အလာအတိုင်း အုပ်မှူးနှင့် စက်လက်တပ် မှူးများသည် လေယာဉ်ဆီခိုးယူရောင်းချမှု အပါအဝင် အကျင့်ပျက်ခြစားမှုများ၏ အဓိက လက်သည်တရားခံများ ဖြစ်ကြသည်။ ဒုတိယဗိုလ်မှူးကြီး ဝင်းမော်သည် လေယာဉ်ဆီများ ခိုးယူရောင်းချနေသည့် စက်လက်တပ်မှူးများအကြားတွင် ဩချရလောက်သူ ဖြစ်သည်။

လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် (လသခ-ရှမ်းတဲ)တွင် စက်လက်တပ်မှူးဖြစ်စဉ်က လေတပ်အတွင်းရှိ အုပ်မှူး၊ ဒုဌာနချုပ်မှူးနှင့် ဌာနချုပ်မှူးများကို အထက်ဖား အောက်ဖိ အလွန်တော်သောသူ ဖြစ်သည်။ အင်ဂျင်နီယာဟုဆိုသော်လည်း လေယာဉ်၏ အင်ဂျင်နီယာနှင့် ပတ်သက်သော ပညာရပ်များကို စိတ်မဝင်စား၊ မသိနားမလည်ဘဲ ဆီခိုးဖို့သာ ခေါင်းထဲ အမြဲရှိသောသူ ဖြစ်သည်။

လေယာဉ်၏ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက လက်အောက်ရှိ EO အငယ်များကို ဆဲဆို ကြိမ်း မောင်းပြီး ဖိအားပေးသည်။ ခိုးယူရသမျှ လေယာဉ်ဆီ ရောင်းရငွေများကိုလည်း လက်အောက်ရှိ စစ်သည် အခြားအဆင့်များသို့ မစို့မပို့ သာ ခွဲဝေပေးပြီး ရာခိုင်နှုန်းအများဆုံးရယူသည်။ ၎င်း၏ ကားကို မောင်းရသော ကားသမားကိုယ်တိုင် ၎င်း၏ လေ ယာဉ်ဆီ မတရားနင်းဖြဲခိုးယူမှုများကို နှုတ်မှပင် ထုတ်၍ ပြောသည်အထိ နာမည် သတင်းမွှေးလေသည်။

လက်အောက်စစ်သည်နှင့် လက်အောက်အဆင့်များအား ဆဲဆိုကြိမ်းမောင်းသည့် နေရာတွင်လည်း နာ မည်ကြီးသူဖြစ်ပြီး ကပ်စေးနှဲသောနေရာတွင်လည်း ဒုမှူးကြီး ဝင်းမော်နှင့် ၎င်း၏ ဇနီးမှာ ဩချရသည်။

ဒုတိယ ဗိုလ်မှူးကြီး ဝင်းမော်သည် ဂေါက်ရိုက်ချိန်တွင်ပင် ကိုယ်ပိုင် ဂေါက်အိတ်မဝယ်ဘဲ ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေနှင့် နှစ်ယောက်ပေါင်း ဂေါက်အိတ်တစ်အိတ်ဖြင့် ပေါင်းရိုက်သည်အထိ နှ မြောသည်။ ဂေါက်အိတ် မဝယ်နိုင်၍ မဟုတ်ဘဲ ကပ်စေးနှဲခြင်းဖြစ်သည်။

ယခုအချိန်တွင် ဒုတိယ ဗိုလ်မှူးကြီး ဝင်းမော်သည် လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် (လသခ- ရှမ်းတဲ) မှ ခြံစည်းရိုးသာခြားသော လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မိတ္ထီလာ) သို့ ပြောင်းရွှေ့သွားသည်။

အကြမ်းဖက်စစ်တပ်၏ လေတပ်တွင် စစ်ရာဇဝတ်မှုကျူးလွန်ပြီး လေယာဉ်ဆီ ခိုးဝှက်ရောင်းချခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ ကိုယ်ကျင့်တရားမကောင်းမွန်သူများ စုဝေးနေကြသည်ဟုဆိုလျှင် မမှားပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article