28 C
Yangon

မြန်မာနိုင်ငံတွင် စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသားများအပေါ် ကြောက်မက်ဖွယ် ဖိနှိပ်မှုများ ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော

Must read

စစ်တပ်၏ ကြောက်မက်ဖွယ် ဖိနှိပ်သတ်ဖြတ်မှုများ မြန်မာပြည်သူများ ကြုံနေရပြီး နိုင်ငံတကာက လျစ်လျူရှုဟု ကုလကိုယ်စားလှယ် သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံတွင် စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသားလူနည်းစုများအပေါ် ကြောက်မက်ဖွယ် ဖိနှိပ်မှုများကျူးလွန်နေဟု အမေရိကန်သမ္မတက ကုလသမဂ္ဂညီလာခံတွင် ပြောဆိုလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ အမေရိကန်ရပ်တည်နေကြောင်း သမ္မတ ဂျိုးဘိုင်က ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

“ယနေ့ အခြေခံ လူ့အခွင့်အရေးတွေဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ချိုးဖောက်ခံနေရပါတယ်။ အမေရိကန်နဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ တရုတ်နိုင်ငံ၊ Xinjiang မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိနှိပ်မှုတွေကို မြန်မာစစ်အာဏာရှင်က ကျူးလွန်နေတယ်။ အာဖဂန်မှာ တာလီဘန်က အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို တိုးမြှင့် ဖိနှိပ်ကန့်သတ်နေတယ်။ ကျနော်တို့အနေနဲ့ ရဲရင့်တဲ့ ပြည်သူတွေနဲ့ ရပ်တည်နေပါတယ်။ အခြေခံ အခွင့်အရေးတွေရဖို့ တိုက်ပွဲဝင်နေတဲ့ အီရန်အမျိုးသမီးထုနဲ့အတူလည်း ရပ်တည်နေပါတယ်” ဟု အမေရိကသမ္မတ က ပြောဆိုသည်။

အလားတူ မြန်မာနိုင်ငံတွင် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ် တပ်၏ ဖိနှိပ်သတ်ဖြတ်မှုများသည် ဆိုးရွားသော အဆင့်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးသော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ကမ္ဘာကြီးက ၎င်းတို့ကို လျစ်လျူရှု မေ့လျော့၊ ဂရုမစိုက်ဆိုသော ကောက်ချက်ချနေကြပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လူ့အသက်ပေါင်းများစွာ ကယ်ဆယ်နိုင်ရေး မြန်မာစစ်တပ်အပေါ် ထိရောက်သော အရေးယူမှုများ မည်သည့် အတွက်ကြောင့် မလုပ်ဆောင်သနည်းဆိုသည့် မေးခွန်း ထုတ်မှုများ ရှိလာနေပြီး ၎င်းအနေဖြင့် ထိုမေးခွန်းအတွက်အဖြေမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစစ်စစ်ဆေးရေးမှူး Tom Andrews က ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီထံသို့ တင်ပြပြောဆိုသည်။

ဓာတ်ပုံ- ကုလသမဂ္ဂ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article