30 C
Yangon

မင်းအောင်လှိုင် သမ္မတ မလုပ်ဘဲ တပ်ချုပ်ရာထူးဖြင့်ပင် နိုင်ငံ့ဥသျှောင် လုပ်ရေး စဉ်းစားနေသလား

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အရပ် သား အမည်ခံအစိုးရနှင့် သမ္မတ တင် မြှောက်ကာ တပ်ချုပ်ရာထူးဖြင့်ပင် နိုင်ငံ့ဥသျှောင်အကြီးအကဲ လုပ်လိုသည့် အလားအလာများ မြင်တွေ့ရကြောင်း စစ်ဘက်သတင်းရပ်ကွက်တချို့က သုံးသပ်ပြောဆိုသည်။

မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) (သို့မဟုတ်) နိုင်ငံတော်အဆင့် ကောင်စီတစ်ခု မှတစ်ဆင့် နိုင်ငံအုပ်ချုပ်ရေးတစ်ခုလုံး ဆက်လက်ချုပ်ကိုင်ဖွယ် အလားအလာများ ရှိနေကြောင်း စစ်ဘက်သတင်းရပ်ကွက်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။

လက်ရှိ အခြေအနေများအရ စစ်တပ်အနေဖြင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကို စောင့်ကြပ် ထိန်းကွပ်သူ ( Guardian of Democracy ) အဖြစ်၊ နိုင်ငံ တည် ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်မည့် အခန်းကဏ္ဍတွင် ဆက်လက် တာဝန်ယူမည်ဟု မင်းအောင်လှိုင်က ပြောဆိုနေကြောင်း ၊ တပ်ချုပ်ရာထူးကို မင်းအောင် လှိုင်က ဆက် လက်ရယူထားပြီး သမ္မတနှင့်အစိုးရ အဖွဲ့ကို ၎င်း စိတ် ကြိုက်တင်မြှောက်သွားမည့် အခြေအနေများ မြင်နေရသည်ဟု စစ်တပ်သတင်းရပ်ကွက်တချို့က ဆိုသည်။

“အရင်က သမ္မတလုပ်မယ်လို့ သူတောက်လျှောက်ပြောခဲ့ပေမယ့် အခုတော့ သမ္မတလုပ်မယ့် အရိပ်အယောင်မမြင်ရတော့ဘူး။ တပ်ချုပ်ရာထူးကိုပဲ သူ ဆက်ထိန်းထားမယ်လို့ ယူဆရပါတယ်။ အနည်းဆုံး ၁၀ နှစ်လောက် သူဆက်ယူထားမယ့် အလား အလာရှိပါတယ်။ သမ္မတရော အစိုးရအဖွဲ့ရော သူစိတ် တိုင်းကျ ဖွဲ့စည်းဖို့ များပါတယ်။ ဒါကျနော်တို့ မြင်နေရတယ်။ အဲဒီအလား အလာကို သွားနေတယ်လို့ ကွက်ကွက်ကွင်းကွင်း မြင်ရပါတယ်။ ရွေးကောက်ပွဲ ဖြစ် လာမယ်ဆိုရင် အဲဒီလမ်းကြောင်းကို မြင်ရတယ်။ တပ်ချုပ်ရာထူးက သူ့အ တွက် အလုံခြုံဆုံးနေရာလို့ တွက်ဆပုံရတယ်။ ကာ/လုံ သို့မဟုတ် ကောင်စီတစ်ခု ခုကနေ အဓိက အုပ်ချုပ်ရေးတွေကို ဆုံးဖြတ်ရင် သမ္မတကလည်း အရုပ်ပဲဖြစ်မှာ။ အခု အာဏာသိမ်းပြထားတော့ ဥပဒေမှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားပါစေ၊ တပ်ချုပ်က သမ္မတအထက်မှာ ရှိနေတာကို ပြလိုက်ပြီးပြီ ” ဟု စစ်တပ်သတင်းရပ်ကွက်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရလည်း သမ္မတနှင့်အစိုးရ အဖွဲ့ကို ထိန်းကျောင်းနိုင်သည့် နိုင်ငံတော်အဆင့် ကောင်စီ (သို့မဟုတ်) အဖွဲ့ တစ်ခုခုကိုလည်း မင်းအောင်လှိုင်က ဖွဲ့စည်းနိုင်ရန် အခွင့်အရေးရှိနေသည်ဟု စစ်ဘက်သတင်းရပ်ကွက်တချို့က သုံးသပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ – ၂၁၇ ပြဋ္ဌာန်းချက်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာ ဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည် ထောင် စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်အားလည်း ကောင်း အာဏာပိုင်ပုဂ္ဂိုလ်တဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင်ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်အားဖြစ်စေ သက် ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်တဦးဦးအားဖြစ်စေ အပ်နှင်းထားသည့်တာဝန်နှင့်လုပ် ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ် ယူရ။” ဖြစ်သည်။

ထိုပုဒ်မ ပြဋ္ဌာန်းချက်အရ သမ္မတနှင့်အစိုးရအဖွဲ့ကို ထိန်းကျောင်းသည့် အဖွဲ့တစ်ခုကို လွှတ်တော်ဘက်က ဖွဲ့စည်း အတည်ပြုကာ ယင်းအဖွဲ့ခေါင်း ဆောင်အဖြစ် တပ်ချုပ် မင်းအောင်လှိုင်က သမ္မတထက် ဩဇာ ပိုကြီးသော နိုင်ငံ့ဥ သျှောင် ခေါင်းဆောင်ကြီးအဖြစ် ခံယူမည့် အလားအလာလည်းမြင်ရသည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းရန် ကြိုးစားခဲ့မှု မအောင်မြင်ခဲ့သော် လည်း မင်းအောင်လှိုင်လက်ထက်တွင် နိုင်ငံ့ဥသျှောင်အဖွဲ့မျိုး ထပ်မံမြင်တွေ့ရဖွယ်လည်းရှိနေသည်ဟု ဆိုသည်။

တပ်ချုပ်ရာထူးကို မင်းအောင်လှိုင်က ဆက်လက်ရယူထားပါက တပ်တွင်း မကျေနပ်မှု များပြားနိုင်သော်လည်း တပ်တွင်း ပုန်ကန်မှုဖြစ်နိုင်သည်အထိ အင် အားမကောင်းဟု စစ်ဘက်သတင်းရပ်ကွက်တချို့က သုံးသပ်သည်။

အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က ၎င်း စိတ်ကြိုက် ဖွဲ့စည်းမည့် အစိုးရအဖွဲ့နှင့် သမ္မတနေရာများအတွက် ကြံ့ခိုင်ရေးပါတီအတွင်း အပြောင်း အလဲများ လုပ်ရန် ခင်ရီ အပါအဝင် ဗဟိုအလုပ်အမှုဆောင် တချို့နှင့် ဆောင် ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်နေ့ အထိပြုလုပ်ခဲ့သော ကြံ့ဖွတ်ပါတီဗဟိုအလုပ် အမှုဆောင်အစည်းအဝေးတွင် ခင်ရီနှင့် သန်းဌေးတို့ ရှေ့ဆုံးတန်းတွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းမဆိုင်ဘဲ ထိုင်ခဲ့ကြသည်ဟု သိရှိရသည်။

လက်ရှိတွင် ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဋ္ဌ ၂ ခင်ရီသည် ဒုတိယဥက္ကဋ္ဌ ၁ မြတ်ဟိန်းကို ကျော်၍ ကြံ့ဖွတ်ပါတီ ယာယီဥက္ကဋ္ဌ ဖြစ်လာပြီး လာမည့် ညီလာခံတွင် မင်းအောင်လှိုင် စိတ်ကြိုက်ဖွဲ့စည်းမည့် ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အသစ် ပေါ်ပေါက်လာဖွယ်ရှိကြောင်း၊ မင်းအောင်လှိုင်ဘက်တော်သား လှဆွေ၊ မောင်မြင့်တို့ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဓိက နေရာများတွင် ပါဝင်လာဖွယ်ရှိကြောင်း၊ ကြံ့ဖွတ်ပါတီအကွဲအပြဲတွင် လူဟောင်းများ ထုတ်ပယ်ပြီး လူသစ်နေရာသစ်များကို အစားထိုးရန် ရှိနေကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌဟောင်း သန်းဌေးနှင့် ထောက်ခံသူများက မကြာမီ ကျင်းပမည့် ကြံ့ဖွတ် ညီလာခံတွင် ဒီမိုကရေစီစနစ်အရ အများလက်ခံသော ရွေး ကောက် ပွဲစနစ်ဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကို တင်မြှောက်ရန် ပြောဆိုထားပြီး စစ်တပ်နှင့် ခင်ရီ ထောက်ခံသူအုပ်စုက သတ်မှတ်ထားသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အသစ်ကို ညီလာခံက အတည်ပြုသည့် အမည်ခံ ညီလာခံနှင့်ရွေးကောက်ပွဲလုပ်လိုကြကြောင်း သိရှိရသည်။

ကြံ့ဖွတ်နှင့် အမျိုးသားရေး သတင်းရပ်ကွက်တချို့ကမူ သန်းဌေးနှင့်ထောက်ခံသူများအုပ်စုကို ကြံ့ဖွတ်ပါတီ ညီလာခံမတိုင်မီ ပါတီတွင်း လှုံ့ဆော်ဟောပြောစည်းရုံးမှု များ မလုပ်ရန် ကန့်သတ်မှုများရှိနေသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်း ပေးပို့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article