39 C
Yangon

မတူပီ-ဟားခါးလမ်းပိုင်းတွင် စစ်တပ်နှင့် CDF ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေကာ အများအပြား ဒဏ်ရာရ၊ မြိုင်မြို့နယ် သရက်ကွကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ချင်းပြည်နယ်၊ မတူပီမြို့နှင့် ဟားခါးမြို့ဆက်သွယ်ထားသော ကားလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီကြား စက်တင်ဘာလ ၂၄ ရက် ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရကြောင်း သတင်းရရှိသည်။

မတူပီအခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခလရ ၁၄၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် မတူပီ-ဟားခါးကားလမ်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်လာသဖြင့် CDF နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CDF များ အထိအခိုက်မရှိခဲ့ကြောင်း CDF – မတူပီက သတင်းထုတ်ပြန်သည်။

စစ်တပ်နှင့် CDF ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် CDF – မတူပီက အသိပေးထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း Defense Team ပခုက္ကူ အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို Defense Team ပခုက္ကူ၊ မြိုင်၊ ပခုက္ကူ၊ ရေစကြိုနှင့် မုံရွာမြို့နယ်များမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – CDF မတူပီ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article