28 C
Yangon

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်း သတ်ဖြတ်မှု အတွက် မြန်မာစစ်တပ်ကို ICC တရားရုံး ပို့ဆောင်ရန် ဗြိတိန်အစိုးရ ထောက်ခံဟု ကြေညာ၊ အမေရိကန်နှင့်ဗြိတိန် တစ်သဘောထားတည်း ရပ်တည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများနှင့် မြန်မာပြည်သူများအပေါ် ရက်စက်ယုတ်မာသည့် ပြစ်မှုများအတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC ပို့ဆောင်ရန် ဗြိတိန်အစိုးရ ထောက်ခံကြောင်း ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး (Minister of State for the Americas) Jesse Norman MP က တရားဝင် ကြေညာသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ၊ လွှတ်တော်အမတ် Rushanara Ali MP က ပေးပို့ မေးမြန်းသော မေးခွန်းကို ဖြေကြားစဉ် ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး (Minister of State for the Americas) Jesse Norman MP က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေအတွက် တာဝန်ခံမှုရှိရမယ်လို့ ဗြိတိန်က ရှင်း ရှင်းလင်းလင်းပြောဆိုခဲ့ပြီးသားပါ။ မြန်မာစစ်တပ်ရဲ့ ဆက်တိုက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာတွေအပေါ် သမိုင်းဝင် ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဗြိတိန် အနေနဲ့ မူအားဖြင့် ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့မှောက် ခေါ်ဆောင် အရေးယူနိုင်မယ့် ကြိုးပမ်းမှုတွေကို ထောက်ခံမှာဖြစ်ပါတယ်” ဟု ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး (Minister of State for the Americas) Jesse Norman MP က ပြောဆိုခြင်းဖြစ်သည်။

မြန်မာ့အရေး ဦးဆောင်လှုပ်ရှားနေသော Burma Campaign UK အဖွဲ့ အနေဖြင့် မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သို့ လွှဲပြောင်းပေးရန်အတွက် မူအားဖြင့် ထောက်ခံကြောင်း ဗြိတိန်အစိုးရ၏ ကြေညာချက်ကိုု ကြိုဆိုလိုက်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့ ကြေညာချက်ထုတ်ပြန်သည်။

ဩဂုတ် ၂၅ ရက်နေ့တွင် မြန်မာပြည်သူများနှင့် ရိုဟင်ဂျာအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇ ဝတ်မှုများ ကျူးလွန်ခဲ့သော မြန်မာစစ်တပ်ကို ICCတရားရုံး သို့ ပို့ဆောင်ရေး အမေရိကန်က ထောက် ခံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ကြေညာခဲ့သည်။

ဓာတ်ပုံ- ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး (Minister of State for the Americas) Jesse Norman MP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article