25 C
Yangon

သထုံတွင် “PDF များကို ချေမှုန်းမည်”ဟု ကြွေးကြော်သော ပျူစောထီးခေါင်း ဆောင် စိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်နှင့်ပျူစောထီး စာရွက်စာတမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်း ဆောင် စိုးဝင်းကို ယနေ့ နံနက်ပိုင်းတွင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သထုံပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် PDF တွေကို ချေမှုန်းပြမည်ဟုကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် ဒေးဗရိန်းဖိုးထောင်(ခ) စိုးဝင်းကို လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သထုံပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) မှ နန်း‌ထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ရှင်းလင်းခဲ့ကြောင်း၊ ခြောက်လုံးပြူး သေနတ်ရရှိခဲ့ကြောင်း သိရှိရသည်။

“သူ့နာမည်အရင်းက စိုးဝင်း။ အများခေါ်တာက ဒေးဗရိန်းရွာကမို့လို့ ဒေးဗရိန်း ဖိုးထောင်လို့ခေါ်တာ ။ ပျူစောထီးခေါင်းဆောင် ။ PDF တွေကို ချေမှုန်းမယ်ဆိုပြီး ကြွေး ကြော်ခဲ့တာ။ အခုတော့ သေသွားပြီ” ဟု သထုံပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article