31 C
Yangon

ဝမ်းတွင်းမြို့မှ ကျောင်းဆရာကြီး ဦးကျော်နိုင်ဝင်းကို စစ်ကြောရေးတွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ် ၊ လူငယ် ၄ ဦးကို စစ်တပ်က ပစ်ခတ်ရာမှ ၁ ဦးသေဆုံးပြီး ၂ ဦးဆေးရုံတင်ထားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှ အမှတ် ၁ ညောင်ပင်ကျေးရွာမှာ ကျောင်းဆရာကြီး ဦးကျော်နိုင်ဝင်းကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့တွင် အမှတ်(၁) ညောင်ပင်ရွာမှ ကျောင်းဆရာကြီး ဖြစ်သူ ဦးကျော်နိုင်ဝင်းကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ရဲများက စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းမရသဖြင့် ဇနီးဖြစ်သူက စက်တင်ဘာ ၂၇ ရက်နေ့ ရဲစခန်းကိုသွားရောက် မေးမြန်းရာ “မနက်ဖြန်ကို လွှတ်ပေးမယ် ဒါပေမဲ့စိတ်ခိုင်ခိုင်ထား” ဟု ပြန်လည် ပြောဆိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် “အရိုးပြာ လာယူလှည့်ပါ” ဟု ဖုန်းဆက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဆရာကြီးဇနီးဒေါ်မိမိလေးကို ဖုန်းဆက်ပြောတာ “ဘယ်လိုဖြစ်တာလဲ” လို့ပြန်မေးလိုက်တာ။ ရဲစခန်းက “အသက်မရှူတော့လို့ မီးရှို့ပစ်လိုက်တာ” ဟု ပြောဆိုခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ကျောင်းဆရာ ဦးကျော်နိုင်ဝင်းနှင့် ဇနီးဖြစ်သူတို့မှာ ကျောင်းဆရာများ ဖြစ်ကြပြီး နှစ်ဦးလုံး CDM နောက်ပိုင်း အတင်းဖိအားပေးမှုများကြောင့် Non CDM ပြန်လုပ်ခဲ့ရကြောင်း၊ ဦးကျော်နိုင်ဝင်းကို အကြမ်းဖက်စစ်ကောင်စီဝင် ဗိုလ်ကြီးကျော်ဇင်၏ အမိန့်အရ နယ်ထိန်းဇင်မင်းနှင့် သွေးသောက်အဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယခုကဲ့သို့ဆရာကြီး​ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဝမ်းတွင်းရဲတပ်ဖွဲ့မိသားစုဝင်တစ်ဦးထံမှ သိရှိရသည်။

ထို့ပြင် ဝမ်းတွင်းမြို့တောင်ဘက်အထွက် လျှော်ပင်ကျေးရွာမြောက်ဘက်တွင် စက်တင်ဘာ ၂၇ ရက်နေ့ ည ၁၁ နာရီ ၅၀ အချိန်တွင် လူငယ် ၄ ဦး ဂိမ်းဆိုင်မှ ဆေ့ာပြီးအပြန် အကြမ်းဖက်စစ်ကောင်စီတပ်က လိုက်ပစ်၍ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးအဖမ်းခံရကြောင်း၊ တစ်ဦးမှာ လွတ်မြောက်သွားကြောင်း၊ ဆုံးပါးသွားသည့် လူငယ်မှာ ရွာသစ်ကျေးရွာမှ ဖြစ်ပြီး အဖမ်းခံရတဲ့လူငယ် နှစ်ဦးမှာ တောင်ဇချမ်းကုန်းကျေးရွာမှာ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရသည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ဝမ်းတွင်းမြို့မှ အမှတ် ၁ ညောင်ပင်ကျေးရွာမှာ ကျောင်းဆရာကြီး ဦးကျော်နိုင်ဝင်းကို စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article