28 C
Yangon

ရခိုင်၊ ကရင်၊ စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၆ ဦးသေဆုံး၊ PDF ၂ ဦးကျဆုံးပြီး ပြည်သူ ၂ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရခိုင်၊ ကရင်၊ စစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၆ ဦးသေဆုံးကြောင်း၊ PDF ၂ ဦးကျဆုံးပြီး ပြည်သူ ၂ ဦး အသတ်ခံရကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ပုဏ္ဏားကျွန်းတွင် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ခန့်သေ

ရန်ကုန်- စစ်တွေကားလမ်း၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် ဗုဒ္ဓေါကျေးရွာအနီး နနွင်းတောင်ပေါ်တွင် စခန်းချနေထိုင်သော စစ်ကောင်စီဗျူးဟာကုန်းကို ရိက္ခာပို့ရန် လာသည် စစ်ကြောင်းကို ရက္ခိုင်တပ်တော် AA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့သေဆုံးသွားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။

ယနေ့စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၁၁ နာရီကျော်က ရိက္ခာလာပို့သည့် စစ်ကောင်စီ တပ်ဖွဲ့များကို AA တပ်ဖွဲ့ဝင်များက ကြားဖြတ် ဝင်တိုက်ရာ နာရီခွဲခန့်ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ချောင်းတူကျေးရွာသားတစ်ဦးက Western News ကို ပြောသည်။

“တိုက်ပွဲက နာရီဝက်လောက်ဖြစ်ခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ ရိက္ခာယူဖို့ဆင်းလာတာကို AA က ကြားဖြတ်ဝင်တိုက်တာပါ။ AA က ကြားဖြတ်တိုက်တာ နည်းနည်းလောက်နောက်ကျသွားတယ်။ စစ်ကောင်စီတပ်သားတွေ တောင်ထက်ကို တက်ပြေးတာ နည်းနည်းမြန်သွားတယ်။ အကုန်လုံးကို မရလိုက်ဘူး။ စားနပ်ရိက္ခာတချို့တော့ ရလိုက်တယ်။ ငါးခြောက်တွေကို ရလိုက်ပါတယ်။ သူတို့ဖက်ထိခိုက်သွားတဲ့ သူတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ဆွဲတင်သွားတယ်။ အထိအခိုက် အကျအဆုံးနဲ့ပတ်သက်ပြီးတော့ တိတိကျကျ မသိရသေးဘူး” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမ အနီးတွင်ဖြစ်ပြီး တိုက်ပွဲဖြစ်ချိန်အတွင်း ကားအသွားအလာများ ရပ်တန့်ခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည်သွားလာနေကြပြီဖြစ်ကြောင်း ကားသမားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရိက္ခာပို့လာသည့်ကားမှာ ကျောက်တော်ဘက်မှ လာသည့် Hijet အဖြူရောင်ဖြစ်ပြီး အဆိုပါကားနှင့် ကားမောင်းသူကို AA တပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက Western News ကိုပြောသည်။

“ကားက ကျောက်တော်ဘက်က လာတာပါ။ စစ်ကောင်စီတပ်သားတွေက အဓမ္မပို့ခိုင်းတယ်လို့ သိရတယ်။ အခု ကားနဲ့ ကားမောင်းသူကို AA တပ်ဖွဲ့ဝင်တွေက စစ်ဆေးနေပါတယ်” ဟု ပြောသည်။

မြ၀တီတွင် စစ်သား ၁ ဦးသေဆုံး

စက်တင်ဘာ ၂၉ ရက်နေ့ တွင် ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ခမရ (၁၀၄) ကို KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့က လက်ဖြောင့် စနိုက်ပါများက ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာသို့ စစ်ကြောင်းထိုး‌လာသော စစ်ကောင်စီတပ်ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ က ထိပ်တိုက်‌ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး‌သေဆုံးကြောင်း ၊၎င်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း၂ ၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ SWDF အဖွဲ့တို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်အရ သိရသည်။

အင်းတော်တွင် ပကဖ ၂ ဦးကျဆုံး ၊ ပြည်သူ ၂ ဦး ပစ်သတ်ခံရ

စက်တင်ဘာလ ၂၈ ရက်နေ့ စစ်အင်အား ၁၇၅ယောက်ပါသည့် စစ်ကြောင်းသည် အောင်းကုန်းရွာရှိနေအိမ် ၄အိမ်မီးရှို့သည့်အပြင် အသက်၂၀ ဝန်းကျင် လူငယ်တစ်ယောက်ကိုလည်း ပစ်သတ်သွားကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့
ညနေ၄နာရီအချိန်ခန့်တွင်လည်း အင်းတော်နှင့် မဲဇာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အင်အား ၆၈ ဦး ပါသည့် စစ်ကြောင်းတို့ အထိအတွေ့ဖြစ်ပွားခဲ့ပြီး လူသားဒိုင်းအဖြစ်ခေါ်လာသည့် ဟင်းနုရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း Indaw Revolution -IR ထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်၉ နာရီအချိန်ခန့်တွင်လည်း တန်ဘိုနှင့်လယ်နောင်ကြားတွင် စစ်ကြောင်းတစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အင်ပင်ရွာထိပ်တွင်လည်း စစ်ကြောင်းတကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုအကျအဆုံးရှိသော်လည်း အရေအတွက် မသိရရှိဘဲ ပြည်သူ့ကာကွယ်ရေး ပကဖရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကြောင်းနှစ်ခုသည် ပူးပေါင်းသွားပြီး မန်လည်ရွာထဲသို့ သေနတ်များ ဖောက်ကာ ဝင်ရောက်လာပြီး မန်လည်ရွာမှ စိတ်မနှံ့သူ လူငယ်တစ်ဦး၊ သားဖွားဆရာမနှစ်ဦးနှင့် ဆည်ရွာဘုန်းကြီး၊မန်လည်ရွာ တောင်ကျောင်း၊မြောက်ကျောင်းမှ ဘုန်းကြီးများနှင်ဦးဇင်းများကိုဖမ်းခေါ်ထားပြီး ရွာသားတွေကို ပိုက်ဆံနှင့်ရွေးခိုင်းနေကြောင်းလည်းသိရပါသည်။

မြိုင်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြည်သူ ၅၀ ခန့်ကို ဓါးစာခံဖမ်းကာ ကျောက် ခွက်ကျေးရွာဘက်သို့ ဖြန့်တက်လာရာ အဆိုပါ စစ်အင်အား ၁၅၀ ခန့်စစ်ကြောင်းကို စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် တွင် တောင် ရိုးရွာမြောက်ဘက်နှင့် ဆင်စိန်ကျေးရွာအကြားတွင် ဖမ်းဆီးခံပြည်သူ များ အားရှောင်ရှား၍ မိုင်း၂ လုံးဆွဲခဲ့ကြောင်း၊ ထိခိုက်မှု အတိအကျကို သတင်းအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန် သည်။

ဓာတ်ပုံ- ယမန်နှစ် စမ်းချောင်းတွင် ပစ်သတ်ခံရသော အကြမ်းဖက်စစ်အရာရှိတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article