36 C
Yangon

ညောင်းဦးမြို့နယ်မှ မန္တလေးတိုင်း ကြံဖွတ် လွှတ်တော်အမတ်လောင်း အောင်မင်းထိုက် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်မှ မန္တလေးတိုင်း ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ် အောင်မင်းထိုက်သည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ် အချိန်တွင် အောင်မင်းထိုက်ကို ပုဂံပြည် ဘီလူးတပ်နှင့် မဟာမိတ်ညီနောင်များ ပူး‌ေါပင်း၍ ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

အောင်မင်းထိုက်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီ ကိုယ်စားပြုပြီး ညောင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည်။

အောင်မင်းထိုက်သည် စစ်တပ်နှင့်ပူးပေါင်းပြီး အပြစ်မဲ့ ပြည်သူများကို အတင်းအဓမ္မ ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီအတွက် ငွေကြေး ရှာပေးခြင်း၊ ပြည်သူများအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ဒုက္ခပေးနေသောကြောင့် ရှင်းလင်းရခြင်းဖြစ်သည် ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော ကြံဖွတ်အမတ်လောင်း အောင်မင်းထိုက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article