31 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – မန္တလေး ၊အမရပူရမြို့နယ်မှာ မြို့ပြပြောက်ကျားအဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေကို တင်ဆောင် လာတဲ့ အချုပ်ကားကို တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ကယ်ထုတ်သွားတယ်လို့ တိုက်ခိုက်မှုကို လုပ် ဆောင်ခဲ့တဲ့ Truth Keeping Force – အမရပူရက ထုတ်ပြန်ပါတယ်။ – ရန်ကုန်မြို့လယ်ခေါင် ပန်းဘဲတန်း မဟာသိမ်တော်ကြီးမှာ မနေ့ကညနေ ၄ နာရီဝန်းကျင်က စစ်သား ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ဆိုက်ကားသမား ၁ ဦးနဲ့ လူငယ် ၂ ဦးကို ပစ်သတ်လိုက်တဲ့အပြင် အမျိုး သမီး ၁ ဦးလည်း ကျည်ထိမှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ – မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို သွားရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး နဲ့ စစ်သားတွေထွက်ပြေးသွာလို့ သေနတ် ၇ လက်ယူပြီ ပြန်လာခဲ့ရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။ – ရှမ်းပြည်နယ်၊ နမ့်ခမ်း ဟိုနောင်ရပ်ကွက်မှာ စစ်ဆရာဝန် ၂ ဦးနဲ့အရာရှိတွေလိုက်ပါလာတဲ့ကားထဲကို ဗုံးပစ်ထည့်ပြီး တိုက်ခိုက်လိုက်ရာ စစ်ဆရာဝန် ၂ ဦးအပါဝင် စုစုပေါင်းအရာရှိ ၄ ဦးသေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article