38 C
Yangon

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အမျိုး သားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် လွိုင်ကော်တွင် အပစ်ခံရပြီး လူ ၁ ဦးဒဏ်ရာရ ၊ မည်သည့်အဖွဲ့က ပစ်ခတ်မှန်း မသိရသေးဘဲ PDF ပစ်ခတ်ဟု စစ်တပ်က ဝါဒဖြန့်၊ အရပ်ဘက် ခရီးသည်တင်ယာဉ်များတွင် စစ်လက်နက်များ စစ်တပ်က သယ်ဆောင်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက အရပ်ဘက်ခရီးသည်တင်လေ ယာဉ် များတွင် လက်နက်သယ်ဆောင်မှုများ တရားဝင် လုပ်ဆောင်လာပြီးနောက် စစ်တပ်လက်အောက်ခံ မြန်မာ့အမျိုးသားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် လွိုင်ကော်တွင် အပစ်ခံရပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်း၏ ခရီးသည်တင်လေယာဉ် ATR-72 လေယာဉ်အမှတ် XY-AML သည် နေပြည်တော်-လွိင်ကော်-ရန်ကုန်ခရီးစဉ်အတွင်း လွိင်ကော်လေဆိပ်သို ဆင်းသက်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“တစ်ယောက်က ပေါင်နဲ့ ခြေထောက်မှာ ထိတယ်၊ နောက်တစ်ယောက်က ပါးရှပ်ထိတယ်လို့ ကြားတယ်။ ကရင်နီပြည်ကိုက လေယာဉ်နဲ့ ပြည်သူတွေ သွား လာတာက မရှိသလောက်ပဲ။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေပဲ လေယာဉ်စီးပြီး သွားလာနေကြတာလို့ ခန့်မှန်းတယ်” ဟု ကရင်နီဒေသသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လေယာဉ်ပစ်ခတ်ခံရပြီး လေယာဉ်ပေါ်ပါ နှစ်ဦး ထိမှန်ဒဏ်ရာရသည်ကို ဓါတ်ပုံနှင့်တကွ စစ်ကောင်စီလော်ဘီ မီဒီယာများထံမှ စတင် ပျံ့နှံ့လာခြင်းဖြစ်ပြီး ကရင်နီရှိ တော်လှန်ရေးတပ်ဖွဲ့များက ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ဝါဒဖြန့်နေကြသည်။

“လွိုင်ကော်ဒေသမှာ လှုပ်ရှားတဲ့ KNDF B02 က အဲဒီဖြစ်စဉ်ဟာ သူတို့နဲ့ သက် ဆိုင်ခြင်းမရှိဘူးလို့ ပြောတယ်၊ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိသေးဘူး၊ ဒီသတင်းက ပုံတွေက စစ်ကောင်စီလော်ဘီတွေကနေ စတင်လာတာဆိုတော့ စဉ်းစားစရာဖြစ်တယ်။ နောက်ပြီး အဲဒီ လွိုင်ကော်လေဆိပ်အနီးဝန်းကျင်မှာက စစ်ကောင်စီတပ်တွေပဲ အများကြီး ချထားတာ။ ကျနော်တို့ တိုးဖို့တောင် ခက်တယ်” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်က လွိုင်ကော်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ PDF များထံ ဆက်သွယ်စုံစမ်းကြည့်သည့်အခါ အဆိုပါ အဖွဲ့များက လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ပြန်လည်ပြောဆိုကြသည်။

ယခုနှစ် မေလမှစတင်ပြီး စစ်ကောင်စီက ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လက်နက်နှင့်ကျည်ဆန်များကို သယ်ယူပို့ဆောင်လာခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI က ပြည်တွင်းခရီးစဉ်များတွင် လက်နက်သယ်ယူမှုဆိုင်စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကုန်းလမ်း၊ရေလမ်း လက်နက်သယ်ဆောင်ဖို့ခက်ခဲလာတဲ့အတွက် စစ်တပ်က လက်နက်ရွှေ့ပြောင်းသယ်ယူမှု တွက် ပြည်တွင်း လေကြောင်းကိုပိုမိုအားပြုလာပါတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးကိုထိခိုက်လာနိုင်တဲ့အတွက် MAI လေကြောင်းလိုင်းက လက်နက်သယ်ယူမှုတွေမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ MAI ဝန်ထမ်းတွေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မေလမှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က လက်နက်ခဲယမ်းများကို သယ်ယူရာတွင် မြန်မာ့အမျိုးသားလေ ကြောင်း MNA အပါအဝင် အခြားသော ပုဂ္ဂလိက လေကြောင်းလိုင်းအားလုံးကို အသုံးပြုကြောင်း သိရှိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ CDM ဝန်ထမ်းတချို့၏ အဆိုအရ MAN လေကြောင်းလိုင်းတွင် စစ်တပ်အတွက် လက်နက် သယ်ယူပေးမှုများကို အာ ဏာသိမ်းစအချိန်ကတည်းက စတင်ခဲ့ကြောင်း၊ ပြည်တွင်းခရီးသည်တင် လေယာဉ်များတွင် လက်နက် ခဲယမ်း၊ သယ်ယူမှုသည် နိုင်ငံ တကာခရီးသည်တင် လေကြောင်းလိုင်းများ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သော်လည်း စစ်တပ်အကျိုးစီးပွားအတွက် MNA အုပ်ချုပ်ရေး အဖွဲ့က မသိကျိုးကျွံ့ပြုထားခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြောဆိုခဲ့ကြပြီး အဆိုပါ အကြောင်းအရာကို လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article