33 C
Yangon

မိုးဗြဲ PDF ရဲဘော် ၃ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ရေတွင်းထဲထည့်ကာ ဖျောက်ဖျက်ခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ကယားပြည်နယ် မိုးဗြဲမြို့နယ် မင်္ဂလာရွာအနီး တိုက်ပွဲတွင် ပျောက်ဆုံးခဲ့သည့် PDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ရေတွင်းထဲ၌ ပြန်လည် တွေ့ရှိခဲ့ကြောင်း MBPDF – လင်းယုန် တပ်ခွဲထံမှ သိရသည်။

ပျောက်ဆုံးသွားသော ရဲဘော်များသည် MBPDF လင်းယုန် တပ်ခွဲမှ ရဲဘော် ၂ ဦးနှင့် သိန်းငှက်တပ်ခွဲမှ ရဲဘော် ၁ ဦးတို့ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီနှင့် မိုးဗြဲ လွယ်ယင်း မင်္ဂလာကျေးရွာ၌ ထိပ်တိုက် ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ MBPDF ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရေတွင်းထဲမှ ပြန်လည်ဆည်ယူ နိုင်ခဲ့ကြောင်း၊ သေဆုံးသွားသော ရဲဘော်များ၏ ရုပ်လောင်းအား စစ်ဆေးချက်အရ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မူကြောင့် ရဲဘော် ၂ ဦး ပွဲချင်းပြီး သေဆုံးသည်ဟု ယူဆရကြောင်း၊ ကျန်ရဲဘော် ၁ ဦးသည် ပေါင်တွင် သေနတ်ကျည်ထိမှန်ကာ လှုပ်ရှား၍ မရသည့် အနေထားကြောင့် စစ်တပ်၏ နှိပ်စက်မှုများကြောင့် သေဆုံးသည်ဟု ယူဆရကြောင်း MBPDF – လင်းယုန် တပ်ခွဲထံမှ ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်သည် သေဆုံးသွားသော ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ၃၅ ပေအနက်ရှိ ရေတွင်းထဲတွင် ပစ်ချကာ အဝတ်အစားများ၊ ငှက်ပျောပင်များဖြင့် ဖုံးဖိကာ အလောင်း ဖျောက်ထားခဲ့သည့် အတွက်ကြောင့် MBPDF လင်းယုန်တပ်ခွဲ ရဲဘော်များနှင့် ပူးပေါင်းမဟာမိတ် တပ်ပေါင်းစုတို့ စွန့်စားကြိုးစားမူများကြောင့် ရုပ်အလောင်းအား ပြန်လည်ရရှိခဲ့ပြီး ကောင်းမွန်စွာ သဂြိုဟ်မြုပ်နှံ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article