36 C
Yangon

မဲဆောက်ရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီကို ICC တွင် အရေးယူနိုင်ရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီကို ICC တွင် အရေးယူနိုင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လက်ယက်ကုန်းကျေးရွာ တွင် သတ်ဖြတ်ခံရသည့် ကလေးငယ်များအပါအဝင် မြန်မာနိင်ငံအနှံ့အပြားတွင် ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်ကောင်စီကို ICC တွင် စစ်ဆေးအရေးယူပေးရန် မဲဆောက်ရောက်မြန်မာလူထုက ယနေ့နံနက်ပိုင်းတွင်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ပြည်သူ့ဆန္ဒနှင့် မညီဘဲ မတရား ရယူထားသည့် ပြည်သူ့အာဏာကို ပြည်သူထံပြန်ပေးရန်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် နိင်ငံရေး အကျဥ်းသားများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ လက်ယက်ကုန်း ဖြစ်စဥ်တွင် နစ်နာခဲ့သူများကို နစ်နာကြေးပေးရန်၊ လက်ယက်ကုန်းဖြစ်စဥ်တွင် ကျူးလွန်ခဲ့ကြသူများကို စစ်ဆေး အရေးယူပေးရန်၊ စစ်ကောင်စီ လက်ထက် ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သူများ အားလုံးကို ICC က စစ်ဆေးအရေးယူပေးရန်ဟူ သည့် အချက် ၅ ချက်ပါ ကြေညာချက်လည်း ထုတ်ပြန်ကြောင်း မဲဆောက်ရောက်မြန်မာလူထုအသံ အစီအစဥ်ကို ဦးဆောင်သူ ဦးစစ်နိင်က ပြောသည်။

Credit – ဟိန်းအောင်၊ ဖိုတိုဒါန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article