33 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -မွန်ပြည်နယ်၊ သထုံဘက်ကို အကြမ်းဖက် စစ်ကောင်စီဘက်က အမြောက်တင်ကား ၆ စီး နဲ့ ရိက္ခာ တင်ကား ၁ စီး ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၁၃၀ တပ်ရင်း နဲ့ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုပါ မီးရှို့ ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ -မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်က မန္တလေးတိုင်း ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ် အောင်မင်းထိုက် ဟာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပစ်ခတ်ရှင်းလင်း ခံရပြီး သေဆုံးသွားတယ်လို့ ပုဂံပြည်ဘီလူးတပ် ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article