32 C
Yangon

ထားဝယ်တွင် ကျင်းပရန် စီစဉ်နေသည့် သပိတ်မျှောပွဲတွင် စစ်တပ်က PDF များကို နာမည်ဖျက်ရေး ပြည်သူများကို PDF အယောင်ဆောင် တိုက်ခိုက် အန္တ ရာယ်ပေးနိုင်ဟု ထားဝယ် ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်း သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ကျင်းပရန် စီစဉ်နေသည့် သပိတ်မျှောပွဲတွင် စစ်တပ်က PDF များကို နာမည်ဖျက်ရေး ပြည်သူများကို PDF အယောင်ဆောင် တိုက်ခိုက် အန္တရာယ်ပေးနိုင်ကြောင်း ထားဝယ်ဒေသမှ ကာကွယ်ရေးတပ်ဖွဲ့များက စုပေါင်း၍ သတိပေးချက် တစ်ရပ်ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ဦးစီးပြုလုပ်မည့် သပိတ်မျှောပွဲသို့ ပြည်သူများ မသွားကြရန်နှင့် စစ်ကောင်စီသည် တော် လှန်ရေးလုပ်ဆောင်နေသည့် အဖွဲ့များကို ပုံရိပ်ဖျက် အပြစ်ပုံချရန် အောက် တန်း ကျသည့် နည်းလမ်းစုံသုံး၍ ပြည်သူများကို အန္တရာယ်ပေးနိုင်သဖြင့် အ ဆိုပါ ပွဲလမ်းသဘင်များကို အထူးရှောင်ကြဉ်ကြရန် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့၆ ခုက ယနေ့ အောက်တိုဘာ ၂ ရက်နေ့တွင် မေတ္တာရပ်ခံ အသိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ဘာသာရေးကို ခုတုံးလုပ်ကာ ထားဝယ်ဒေသရှိ ရိုးရာသပိတ်မျှောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ကြားသိရပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဖိနှိပ်အကြမ်း ဖက်ရက်စက်မှုများကို ခံစားနေရမှုကို အလေးထားသည့်အနေနှင့် ထား ဝယ်ဒေသရှိ မိဘပြည်သူများအနေနှင့် အကြမ်းဖက်စစ်ကောင်စီက ကျင်းပသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့် အခြားပွဲလမ်းသဘင်များကို ပါဝင်ဆင်နွှဲခြင်းမပြုရန်၊ စစ်ကောင်စီတပ်များနှင့် ကင်းဝေးရာတွင်သာ နေပေးကြရန် မေတ္တာရပ်ခံစာတွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article