30 C
Yangon

ရခိုင်ပြည်နယ်၊ စစ်တွေ ကားကြီးကွင်းရှိ ခရီးသည်တင်ကားများနှင့် ကုန်ကားများအားလုံး၏ လိုင်စင်ဝှီးတက်များ စစ်တပ်နှင့်ရဲက အကြောင်းမဲ့ သိမ်းဆည်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေကားကြီးကွင်းရှိ ခရီးသည်တင်ကားများနှင့် ကုန်ကားများအားလုံး၏ လိုင်စင်ဝှီးတက်များ စစ်တပ်က အကြောင်းမဲ့ သိမ်းဆည်းသွားကြောင်း ကားကြီးကွင်းအတွင်းမှ ကားပိုင်ရှင်များက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်နယ်၊ စစ်တွေ ကားကြီးကွင်းအတွင်းရှိ ကားများအားလုံး၏ လိုင်စင်ဝှီးတက်များကို အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ သိမ်းယူသွားခြင်းဖြစ်ကြောင်း၊ လိုင်စင် သိမ်းဆည်းခံရသည့် ကားအရေအတွက် အလွန်များပြားကြောင်း၊ စစ်တပ်နှင့်ရဲအင်အား ၃၀ ခန့်ဖြင့်လာရောက် သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ည ၉ နာရီ ၃၀ မှာ ရခိုင်ပြည်နယ် စစ်တွေကားကြီးကွင်းမှာ မှန်လုံကားကြီးနဲ့ကုန်ကား အားလုံးရဲ့ လိုင်စင် ဝှီးတက်တွေကို မအလစစ်တပ်က အကြောင်း မဲ့သိမ်းသွားပါတယ်။ ကားစီရေနဲ့ဆိုရင်တော့ ခန့်မှန်းခြေ အစီး ၅၀ လောက် ရှိမယ်။ အခုကားကွင်းကတာဝန်ရှိတဲ့လူကြီးတွေတော့စစ်တပ်ထဲလိုက်သွားတယ်။ ဘာမှကိုမပြောဘူးကားလိုင်စင်သာပေးကြဆိုပြီးသိမ်းသွားတာ။ အနောက်ပိုင်းတိုင်းစစ်ဗျူဟာရုံးကလို့သိရတယ်။ ငွေတောင်းဖို့လား ချောဆွဲဖို့လားမသိဘူး။ ကားကွင်းထဲကားရပ်လို့ဆိုပြီးလာဖမ်းတာတဲ့။ အင်အားက ရခ စခ ၃၀ လောက်နဲ့လာဖမ်းတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်က လမ်းများပိတ်ဆို့ထားခြင်း၊ အများပြည်သူများကို ခရီးသွားလာခွင့်ပိတ်ခြင်း၊ ဆေးဝါးနှင့်စားသောက်ကုန်များ သယ်ယူခွင့်များ ကန့်သတ်ခြင်းများအပါအဝင် ပြည်သူလူထုကို ထိခိုက်စေသည့် ပိတ်ပင်မှုများ စွာ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တွေမြို့တွင် ကင်းလှည့်နေသည့် အကြမ်းဖက်ရဲများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article