31 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက်မင်းအောင်လှိုင်က သူနဲ့သူ့မိသားစု စီးနင်းဖို့ တည်ဆောက်ထားတဲ့ အထူးရထားတွဲဆိုင်း ဓာတ်ပုံ တွေကို ခေတ်သစ်သတင်းဌာနမှာ ပေါက်ကြားလာတာကြောင့် မီးရထားဌာန အရာရှိနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီး စစ်ကြောခိုင်းနေတယ်လို့ တိကျခိုင်လုံတဲ့သတင်းရင်းမြစ်ဆီကသိရပါတယ်။ -မကွေးတိုင်း၊ မကွေးမြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထဲကို အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီ မိနစ် ၂၀မှာ သေနတ်သမားတချို့ ဝင်ရောက်ပစ်ခတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူး စိန်ဝင်း ပွဲချင်းပြီးသေသွားတယ်လို့ ရန်ကုန်ခတ်သစ်ရဲ့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ – ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်တပ် ရေယာဥ် ၂ စီး စောင့်ကြို တိုက်ခိုက်ခံရပြီး သင်္ဘောတစ်စီး RPGနဲ့ တည့်တည့် ထိမှန်သွားကာ စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ CGDF တပ်ဖွဲ့ဆီက သိရပါတယ်။ -ကျိုက်ထီးရိုးဘုရားဖူး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်စဉ်မှာ စစ်တပ်လက်ချက်လို့ သတင်းဖော်ပြတဲ့ ဘီဘီစီနဲ့ ဧရာ၀တီသတင်းဌာနတို့ကို တရားစွဲမယ်လို့ အကြမ်းဖက်စစ်ကောင်စီက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article