34 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင် ထောင်ဝင်စာပေးပို့တဲ့နေရာ ဗုံးပေါက်ကွဲမှုကို အမျိုးသား ညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၉ ရက် နံနက် ၉နာရီ မိနစ်၄၀လောက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်ဝင်စာပို့တဲ့နေရာအနီးမှာ ပေါက်ကွဲ မှု(၂)ကြိမ်နဲ့ ပစ်ခတ်မှုဖြစ်စဉ်ကို စစ်ဆေးမယ်လို့ဆိုပါတယ်။ – ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ ခမရ ၄၂၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နဲ့ အရာရှိတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ PSDA မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။ – ချင်းပြည်နယ်အတွင်း ဟားခါးနဲ့ ထန်တလန်အကြားဖြစ်ပွားခဲ့တဲ့ ၆ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က စစ်သား ၂၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေမှာ တပ်မ ၄၄ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးကို စနိုက်ပါနဲ့ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article