ရန်ကုန်၊ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non – CDM ဝန်ထမ်း ၃၅ ဦး ထပ်မံအလင်းဝင်ထားကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် အလင်းဝင်ရောက်ရန် ဖယ်ခုံ၊ မိုးဗြဲ PDF များနှင့် KNDF က ဇွန်လ ၃၀ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ပြီးနောက် အဆိုပါ ဝန်ထမ်းများသည် ဝန်ခံကတိဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း ဖယ်ခုံ ပအဖက ထုတ်ပြန်သည်။
မတရား စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း၌ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူနှင့်ပူးပေါင်းသည့် ဌာနဆိုင်ရာအသီးသီးမှ CDM ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဖယ်ခုံ ပအဖ ထံမှ သိရှိရသည်။
