28 C
Yangon

မြောင်တွင် စစ်တပ် ရွာထဲဝင်လာ၍ မိဘများကို ကယ်ထုတ်ရန် လုပ်ဆောင်နေသည့် မသန်စွမ်း ၁ ဦးပစ်သတ်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေဘုံသာရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက်လာသောကြောင့် မိဘများကို ကယ်ထုတ်ရန် လုပ်ဆောင်နေသည့် မသန်စွမ်း ၁ ဦးပစ်သတ်ခံရကြောင်း မြောင်မြို့နယ် CDSOM တပ်ဖွဲ့ထံမှ သိရသည်။

မြောင်နယ် ရွှေဘုံသာကျေးရွာမှာ အပြစ်မဲ့ပြည်သူတစ်ဦးအား စစ်ခွေးများမှသတ်ဖြတ်သွားခဲ့ပြန်ပါပြီ။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ရစ်စခန်းမှ အကြမ်းဖက် စစ်တပ်က ရွှေဘုံသာ​ကျေးရွာအတွင်း ပစ်ခတ် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုသို့ စီးနင်းချိန်တွင် ကျေးရွာအတွင်း၌ အသက်အရွယ်ကြီးရင့်နေသော မိဘများကို ကယ်ထုတ်ရန် ပြန်လာသည့် မသန်စွမ်း တစ်ဦးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဦးကို စစ်တပ်က ပစ်သတ်ခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက ကျေးရွာထဲမှာရှိတဲ့ ကင်းတွေ သိမ်းတဲ့အချိန်ကို စောင့်ပြီး ရွှေဘုံသာကျေးရွာကို ပစ်ခတ်ဝင်ရောက် စီးနင်းတယ်။ ရုတ်တရပ်ကြီး စီးနင်းခံရတော့ ရွာသူ ရွာသားတွေ အားလုံး ကိုယ်လွတ်ရုန်း ပြေးနေတဲ့အချိန် ဦးမြင့်ဦးက အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ အဖေ အိုကြီးကို ပစ်မထားခဲ့နိုင်လို့ အိမ်သို့အသွား အိမ်အဝင် ပေါက်နားမှာပဲ စစ်ခွေးတွေက ပစ်သတ်လိုက်တယ်။ ဦးမြင့်ဦးက လက်တစ်ဖက်မရှိဘူး။ ဓားစက်ခုံမှာ လက်ကို ထိခိုက်မိပြီး ဖြတ်ထားရတာ ပြီးတော့ နားလည်း ကောင်းစွာ မကြားရသူ တစ်ဦးပါ” မြောင်မြို့နယ် CDSOM တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း ဝင်ရောက် မွှေနှောက် ရှာဖွေမှုများပါ ပြုလုပ်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များမှ ငွေကျပ် ၁၃သိန်း၊ ၅သိန်းခွဲနှင့် ဖုန်း၂လုံးတို့ကို ခိုးယူလုယက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article