32 C
Yangon

Breaking News- မြောက်ကိုရီးယား၊ အီရန်တို့ကဲ့သို့ မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့်ရာဇဝတ် မှုဆိုင်ရာ ဘဏ္ဍာရေး အမည်ပျက်နိုင်ငံအဖြစ် FATF က ကြေ ညာ၊ ကျပ်ငွေတန်ဖိုး ထိုးကျဖွယ်ရှိပြီး စီးပွားရေး ကသောင်းကနင်းဖြစ်ဖွယ်ရှိဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာကြောင်း FATF ဥက္ကဋ္ဌT. Raja Kuma က ယခုညပိုင်းတွင် တရားဝင် ထုတ် ပြန်ကြေညာသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း FATF ဥက္ကဋ္ဌ T. Raja Kuma က ပြောဆိုသည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာဖွယ်ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန်လည်း အခွင့် အလမ်းနည်းပါးနိုင်ကြောင်း နိုင်ငံတကာသတင်းတချို့က သုံးသပ်ထားသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမားတစ်ဦးကမူ FATF က မြန်မာနိုင်ငံကို အရေး ယူလိုက်ခြင်းသည် လက်ရှိ စစ်ကောင်စီက အသည်းအသန် ဖိအားပေး တည် ငြိမ်ရန် ထိန်းနေသော ကျပ်ငွေတန်ဖိုးကို ထိုးကျစေဖွယ်ရှိကြောင်း၊ မြန်မာပြည်ပပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အပါအဝင် စီးပွားရေး ကဏ္ဍ ကြီးတစ်ခုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆွဲချ ရိုက်ခတ်ဖွယ်ရှိကြောင်း ပြောဆိုသည်။

“ဒီဂယက်က မြန်မာကျပ်ငွေ တန်ဖိုးအပေါ် အကြီးအကျယ် ရိုက်ခတ်ပါလိမ့်မယ်။ မြန်မာကို အမည်ပျက်နိုင်ငံကြေညာတာက ကောင်းတဲ့ ရလဒ်တော့ရှိမှာမဟုတ်ဘူး။ ပြည်တွင်းစီးပွားရေး တစ်ခုလုံးနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုပါ ရိုက်ခတ်ပါမယ်။ ဒီရက်ပိုင်းအတွင်းကို စီးပွားရေး ကသောင်းကနင်းထပ်ဖြစ်တာမျိုး ကြုံရနိုင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်ကြပ်နေသော အကြမ်း ဖက်ရဲများ။

Photo- AP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article