37 C
Yangon

ငွေလဲနှုန်းနှင့်ငွေလွှဲစျေးကွက် ဂယောက်ဂယက်ဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်စျေးသာဖြစ်၊ စျေးကွက်ဖွင့်ရန် ခက်ခဲနိုင်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာ စောင့် ကြည့်ရေးအဖွဲ့FATF က အမည်ပျက် နိုင်ငံအဖြစ်ကြေညာပြီးနောက် ပြည်တွင်းငွေလဲနှုန်းနှင့်ငွေလွှဲစျေးကွက်များ အားလုံး ဂယောက်ဂယက်ဖြစ်နေပြီး စျေးကွက်ဖွင့်ရန် မလွယ်ကူကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

“မနေ့ညကတည်းက စျေးတွေ ဆွဲတင်နေကြတယ်။ Importer တွေ ဒေါ်လာ ဝယ်ကြတယ်ဆိုတာမျိုးနဲ့ စျေးဆွဲတင်တယ်။ ငွေလဲနှုန်း စျေးက တစ်ဒေါ်လာ ၅၈၀၀ ပြောလို့ပြော၊ ၆၀၀၀ ကျော် ခေါ်လို့ခေါ်ပဲ။ စျေးတန်းမရှိဘူး။ စျေးကွက်ပျက်နေတယ်။ စျေးကွက်ကတော့ လန့်တက် တက်နေတယ်။ ဒီဟာကြီးက ကျနော်တို့လည်း မကြုံဖူးသေးဘူး။ ရှေ့မှာ မြောက်ကိုရီးယားနဲ့ အီရန်ကို အမည်ပျက်စာရင်းသွင်းထားတာဆိုတော့ မြောက်ကိုရီးယားနဲ့အီရန်လို ဖြစ်လာမလားဆိုတဲ့ ယူဆချက်။ ပြောရရင်တော့ ယူဆချက်နဲ့ တွေးဆချက်တွေနဲ့ပဲ စျေးကစား ကြတာပဲ။ ကောင်းဖို့တော့ မရှိဘူးဆိုတာတော့ အားလုံးနားလည်ကြတယ်” ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

ပုံမှန်အားဖြင့် ရွှေစျေး၊ ငွေကြေးစျေးကွက်သည် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲပတ်ဝန်းကျင်မှစ၍ အလုပ်လုပ်လေ့၊ ဖွင့်လေ့ရှိသော်လည်း ယနေ့တွင် စျေးကွက် ဖွင့်ရန် ခက်ခဲနိုင်ကြောင်း၊ စျေးကွက်ကို စောင့်ကြည့်သည်က အကောင်း ဆုံးဖြစ်ကြောင်း၊ စျေးကွက်တွင်လည်း ဝယ်လိုအားကသာ ၁၀၀ ရာခိုင်နှုန်းရှိပြီး အရောင်းမရှိကြောင်း ပြောဆိုကြသည်။

“ဒီဟာက ဘယ်လောက်ဆိုးမလဲဆိုတာ ပြောရခက်တော့ သတိလေးနဲ့ လုပ်ကြဖို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့နိုင်ငံအနေနဲ့ ပထမဆုံးကြုံရတာ။ သတိကပ်ပြီး ရောင်းဖို့ ဝယ်ဖို့ပဲအကြံပြုချင်ပါတယ်။ နိုင်ငံတကာက အရေးယူတာဆိုတော့ ပြည်တွင်းယန္တရားတွေကလည်း ထိန်းဖို့တော့ မဖြစ်နိုင်တာ သေချာတယ်။ အချိန် ယူ စောင့်ကြည့်တာ အကောင်း ဆုံးလို့ပဲ ပြောချင်ပါတယ်” ဟု စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article