29 C
Yangon

ကန်ပက်လက်နှင့် မုံရွာတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ချင်းပြည် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် CDF -Kanpetlet တို့ တိုက်ပွဲဖြစ်ပွားပြီး အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးကြောင်း သိရသည်။

ကျေးလက်ရုံးအနီး နှင့် မြို့မရဲစခန်းအောက်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF -Kanpetlet တို့ အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၅၀ မှ နေ့လယ် ၁၂ နာရီ ဝန်းကျင်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း CDF- Kanpetlet မှ သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း CDF-Kanpetlet မှအထိအခိုက်မရှိဘဲ အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များမှ မြို့တွင်းလက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သောင်းကျန်းနေခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့များသို့ လေကြောင်းမှအင်အားဖြည့်တင်းမှူများပြုလုပ်နေပြီး အများပြည်သူအားလက်နက်အားကိုဖြင့်ခြိမ်းခြောက်ဖမ်းဆီးမှုများပြုလုပ်နမှုကို CDF -Kanpetlet မှ နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများစစ်ရေးသတိရှိကြရန်နှင့် ပုန်းခိုကျင်းများတူးကြရန်လည်း သတိပေးနှိုးဆော်ထားသည်။

ထို့ပြင် မုံရွာမြို့တွင်လည်း မုံရွာမြို့ စက်မှုဇုံ အမှတ်(၂) ရဲစခန်းတွင် ကင်းဝပ်နေသော စစ်ကောင်စီဝင် နှစ်ဦးကို အောက်တိုဘာ ၂၁ ရက် ည ၉ နာရီခန့်တွင် Golden Eagle Force- Monywa အဖွဲ့မှ လက်လုပ်မောင်းပြန်ဖြင့် အလစ်ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဝင် တစ်ဦး နေရာတွင်လဲကျ၍ သေကာ ကျန်တစ်ဦး ထိခိုက်ဒဏ်ရာများကြောင်း Golden Eagle Force- Monywa မှ သတင်း ထုတ်ပြန်သည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ပြန်လည် ရမ်းသန်း ပစ်ခတ်သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Photo – CDF -Kanpetlet တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article