28 C
Yangon

မြင်းမူတွင် စစ်တပ် ဝင်ရောက်လာ၍ကြောင့် မော်တော်ဖြင့် ထွက်ပြေးသည့် ပြည်သူများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး နစ်မြုပ်၊ ဝက်လက်တွင် စစ်တပ်က စစ်ရှောင်ပြည်သူ ၁ ဦးကို ပစ်သတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

​စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ရွှေပင်ရွာကို ဝင်ရောက်စီးနင်းစဥ် မော်တော်ဖြင့် ထွက်ပြေးသည့် ပြည်သူများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ​ပြီး နစ်မြုပ်သွားကြောင်း CDSOM အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် ရွှေပင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ​ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်သည့် မော်တော် ၁ စီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မော်တော်ကို ထိမှန်ပြီး နစ်မြုပ်သွားကြောင်း သိရသည်။

” ဒီနေ့ မြောင်နယ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်တပ်က ပြိုင်ဝင်လာတယ်။ မြင်းမူနယ်မှ ရွှေပေါက်ပင်ရွာကို တစ်ကြောင်းနဲ့ ကျောက်ရစ်စခန်းမှ နနွန်းကိုင်း၊ ဆူးလေကုန်းနဲ့ သနပ်ကုန်းရွာတို့ကို တစ်ကြောင်း လက်နက်ကြီးငယ်များ တရစပ် ပစ်ခတ်ဝင်ရောက်လာတယ်။ ကျောက်ရစ်ဘက်က ဝင်လာတဲ့ စစ်ခွေး စစ်ကြောင်းကို ပြည်သူများက အချိန်မှီ ရှောင်တိမ်း နိုင်လိုက်တယ်။ ထိခိုက်မှု မရှိဘူး။ ရွှေပေါက်ပင်ဘက်ကို ဝင်လာတဲ့ စစ်ကြောင်းကြောင့် စက်လှေနဲ့ ထွက်ပြေးတဲ့ ပြည်သူ ၆ ဦးပါစက်လှေကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စက်လှေပေါ်တည့်တည့်ကျပြီး စက်လှေ နစ်မြုပ်သွားတယ်။ ၅ ဦးမှာလည်းနစ်မြုပ် ပျောက်ဆုံးနေတယ်။ ၁ ဦးပဲ အသက်ရှင် ပြန်တွေ့တယ်” ဟု CDSOM တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းကျေးရွာအတွင်း ဆက်ရှိနေပြီး ဒေသခံ ပြည်သူများမှာ တစ်ကွဲတစ်ပြားဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမန်းကျင်းရှိ စစ်ရှောင် တောတဲများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဝက်လက်မြို့နယ် သမန်းကျင်း ကျေးရွာရှိ တောတဲများရှိ စစ်ရှောင်ပြည်သူများကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ပြီး လင်မယား ၂ ဦး ကျည်ထိမှန်ကာ အမျိူးသားသားဖြစ်သူ ဦးအောင်ငွေမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိူးသမီးဖြစ်သူ ဒေါ်ချိုလည်း သေနတ် ဒဏ်ရာ ၂ ချက် ထိမှန်ပြီး ဒဏ်ရာအခြေ စိုးရိမ်ရကြောင်း GZ Special Task Force – Wetlet တပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article