28 C
Yangon

နတ်မောက်၊ သပွတ်ပင်ရွာတွင် စစ်တပ်က ဝင်ရောက် ရမ်းကားကာ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်၊ ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

မကွေးတိုင်း နတ်မောက်မြို့နယ် သပွတ်ပင်ရွာကို အကြမ်းဖက် စစ်တပ်က စီးနင်းပြီး ရွာလုံးကျွတ်မှ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် အင်အား ၁၀၀ ခန့်က သပွတ်ပင်ရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ရွာလုံးကျွတ် ဖမ်းဆီးရိုက်နှက်ခံရပြီး အသက်ငယ်ရွယ်သည့် အမျိုးသားများကို ပိုမို နှိပ်စက်ကာ မသေရုံ ရိုက်နှက်နေကြောင်း၊ PDF တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး ၎င်းတို့ သိချင်သည့် အချက်အလက်များ မရရှိလျှင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။

” သပွတ်ပင်ရွာကို စစ်ခွေး ၁၀၀ လောက် ဒီနေ့ နံနက် စီးနင်းတယ်။ ရွာသားအားလုံးကို ဘုန်းကြီးကျောင်းမှာ ခေါ်ပြီး နှိပ်စက်တာပါ အမျိုးသား လူငယ်တွေကို မသေရုံနှိပ်စက်ပြီး အသက် ၁၈ နှစ်အထက် မိန်းမသားတွေလည်း ဝါးလုံး တုတ်တွေနဲ့ အားရပါးရကို ရိုက်ပါတယ်။ ဖမ်းခံရတာ တစ်ရွာလုံးပါပဲ။ သိချင်တာ မသိရရင် မီးရှို့မယ်လို့ပြောပါတယ်။ ရွာထဲက PDF တပ်ဖွဲ့ဝင်သွားတဲ့ သူတွေရဲ့သတင်းကို မေးမရလို့ အခုလို နှိပ်စက်တာပါ။ တစ်ရွာလုံးကို သဟပုညကာရီကျောင်းတိုက်မှာ ဖမ်းထားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က သပွတ်ပင်ရွာ အပြင်ဘက် တောင်ထိပ်ပေါ်တွင် တပ်စွဲထားပြီး ကျေးရွာ ဝင်ပေါက် ထွက်ပေါက် စောင့်ကြည့်ကာ ရွာအတွင်းမှ ထွက်လာသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က သပွတ်ပင် ကျေးရွာမှ ပြည်သူများကို ဖမ်းဆီးထားသော ဘုန်းကြီးကျောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article