38 C
Yangon

ဝက်လက်၊ ဟန်လင်းပျူမြို့ဟောင်းကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ် ခတ် ဝင်ရောက် နေပြီး ကျေးရွာ ၁၉ ရွာမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်းကို ဝင်ရောက် စီးနင်းရန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် နံနက့်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ဟန်လင်းပျူမြို့ဟောင်းကို ဝင်ရောက် စီးနင်းရန် လုပ်ဆောင်နေကြောင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်သောကြောင့် ကျေးရွာ ၁၉ ရွာက ပြည်သူ ၁ သောင်းကျော်လည်း ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဆားတောင်ကြီး၊ စခန်းသာ၊ ပုလဲသွယ်၊ မုဆိုးခြုံ၊ ဘူတာ၊ ဘိုတဲ၊ မှတ်ထိ၊ သရိုင်၊ မင်းကုန်း၊ ချောင်းမှီးတို၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ရွှေကျင်၊ ကံကြီးတော၊ ဇောက်ညမ်းကုန်း၊ ဂွေးကုန်း၊ တကန်သာ၊ ကြိုးကြာ၊ ကျောက်မန်းကန်
စသောကျေးရွာများမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ရွာလုံးကျွတ်ကို ပြေးနေရတာ ၁၉ ရွာက စစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ရမ်းပစ်နေတာ ဟန်လင်း ပျူမြို့ဟောင်းကို ဝင်ရောက် စီးနင်းဖို့ စစ်ခွေးတွေက လုပ်နေတယ်။ ဆားတောင်ကြီးနဲ့ ဟန်လင်းပျူမြို့ဟောင်းသို့ကို စစ်တပ်က စီးနင်းဖို့ လုပ်နေတယ်။ ပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးနေရတဟ်။ လက်နက်ကြီးသံတွေ ဆူညံနေတာပဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် စီးနင်းနေခြင်း ဖြစ်ပြီး ကျေးရွာ ၁၀ ရွာကျော်ထက်မနည်း မီးရှို့ဖျက်ဆီးခံရကာ ပြည်သူပိုင် နေအိမ် ရာနှင့်ချီပြီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article