35 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၄ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းက တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ အသံမစဲ မဟာပဋ္ဌာန်းပွဲတွေ၊ မေတ္တာပို့ဆုတောင်းပွဲတွေ လုပ်ဖို့ ညွှန်ကြားတယ်လို့ တပ်သတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။ – စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေးနဲ့ တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် စွမ်းအားမြင့် Kamov KA-29 Helix လို့ ယူဆရတဲ့အမျိုးအစား ရဟတ်ယာဉ်တစ်စင်း အသုံးပြုမှု စတင်မြင်တွေ့ရတယ်လို့ စစ်ဘက်လေ့လာသူတချို့က‌ ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရေယာဥ်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ် မနှင်းအိလွင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ -ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ KIA၊ PDF တပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်တပ် အထိနာသွားတဲ့အတွက် စစ်လေယာဉ်တွေ စစ်ကူ လာရောက်ပစ်ခတ်ပေးပေမယ့်လည်း စစ်တပ်စစ်ကြောင်း တွေပေါ် ဗုံးမှားကျဲမိလို့ စစ်သား အများအပြားဒဏ်ရာရခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article