30.5 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA တိုက်ခိုက်သိမ်း ပိုက်၍ စစ်တပ်က တိုက်လေယာဉ် ဖြင့် ပစ်ခတ်ပြီး အဇင်းတွင် ရဟတ် ယာဉ်ဖြင့် စစ်ကူ အင်အား ဖြည့်တင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဟောင်သရောမြစ်ကမ်းရှိ စစ်ကောင်စီစခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက် ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်တွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် အနီးဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်ကာ အဇင်းကျေးရွာတွင်လည်း ရဟတ်ယာဉ်ဖြင့် စစ်ကူများ လာရောက်ချထားကြောင်း ဒေသခံများထံမှ သ တင်း ရရှိသည်။

“တောင်ကလေးအုပ်စု၊ ယောကဒေါကျေးရွာနားက ကွီးလေးတော့ စခန်းကို ညက သိမ်းလိုက်တာ။ မြန်မာလို့ ကွီလုံတိုင်စခန်း ခေါ်မယ် ထင်တယ်။ ဒီမနက် စခန်းဝန်းကျင်ကို တိုက်လေယာဉ်တွေနဲ့ လာပစ်သွားတယ်၊ လေယာဉ် ဘယ် နှစ်စီး ဘယ်နှစ်ကြိမ်ပစ်တယ်ဆိုတာ အတိအကျမသိသေးဘူး။ နောက်ပြီး အနီးနားက ရွာတွေ ထိလား မထိလားဆိုတာလည်း မသိရသေးဘူး၊ လိုင်းတွေပြတ်နေတယ်” ဟု KNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယနေ့နံနက်တွင် နို့တကော (ကြာအင်းဆိပ်ကြီးမြိုန့ယ်)၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ အဇင်းကျေးရွာတွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်များဖြင့် စစ်သားများ လာရောက်ချသွားကြောင်းလည်း ဒေသခံများထံမှ သတင်းရရှိသည်။

“ကြာအင်းဆိပ်ကြီးပေါ်မှာ ရဟတ်ယာဉ်တွေ ပျံနေတယ်၊ ၃ ကြိမ်ထက်မနည်း ရှိနေပြီ” ဟု ကြာအင်းဆိပ်ကြီးဒေသခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းရင်းမြစ်ထံ ဆက်သွယ်စုံစမ်းရာ အဇင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ပြောဆိုသည်။

KNLA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ညတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သတင်းထွက်နေသော ကွီလုံတိုင်စခန်းတွင် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းတပ်ဖွဲ့များ စခန်းချတပ်စွဲထားသည်။

အဆိုပါ စခန်းကို KNLA တပ်ဖွဲ့က ပိတ်ဆို့ထားခြင်းကြောင့် လမ်းကြောင်းဖွင့်ပေးရန်နှင့် ဖွင့်မပေးပါက အနီးဝန်းကျင်ကျေးရွာများသို့ ပစ်ခတ်မည်ဟု ဧပြီလတွင် ခမရ ၅၆၁ မှ အရာရှိတစ်ဦးက KNU ကို စာပေးပို့ ခြိမ်းခြောက်ထားခဲ့သည်။

စခန်းသိမ်းတိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းဖော်ပြသွားမည်။

ဓါတ်ပုံ – ယနေ့နံနက် ပျံသန်းနေသော စစ်ရဟတ်ယာဉ်တစ်စီးကို ကြာအင်းဆိပ်ကြီးမြို့ပေါ်မှ တွေ့ရစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article