37 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် 

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၆ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကမ္ဘာကျော် အွန်လိုင်းကုမ္ပဏီ-တစ်ခုဖြစ်တဲ့ Joom ကုမ္ပဏီရဲ့ အမည်၊ Logo တွေကို အသုံးပြုပြီးတော့ ၊ ဝက်ဘ်ဆိုက်-အတု၊ ဆော့ဖ်ဝဲလ်အတု၊ အက်ပလီကေးရှင်း အတု ကို ဖန်တီးပြီး ၊ MLM ပုံစံ နဲ့ ငွေထည့် ခိုင်း ၊ အဖွဲ့ဝင် ရှာဖွေခိုင်းပြီး ၊ ကျပ်သိန်းထောင်သောင်းချီ လိမ်လည်မှု ဖြစ်ပွားခဲ့တယ်လို့ Joom အတု နဲ့ အလိမ်ခံခဲ့ရသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောကြပါတယ်။ – မန္တလေး၊ ဝမ်းတွင်းမြို့နယ်- အုပ်ချုပ်ရေးမှူး နဲ့ စခန်းမှူးတို့ ပစ်ခတ် ရှင်းလင်း ခံရပြီးတဲ့နောက် အကြမ်း ဖက်စစ်ကောင်စီတပ်က ပြည်သူ အယောက် ၉၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ သိရ ပါတယ်။ – ကရင်နီပြည်နယ်မှာ စစ်ကြောင်းထိုး ကျူးကျော်တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့နယ်၊ ကုန်းသာ-ကျေးရွာ-အုပ်စု၊ ဝါရီ/ ကောခူ – ကျေးရွာကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက် နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article