37 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၇ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ KIO ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ဂီတပွဲကို ဗုံးကျဲချခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်က စစ်တိုက်လေယာဉ်မှူး ၅ ဦးရဲ့ အမည်စာရင်း တွေကို ရန်ကုန်ခေတ်သစ်ကနေ ရရှိထားပြီး ၊ အဲ့ဒီ့ စစ်တိုက်လေယာဉ်မှူး ၅ ဦးဟာ အထူးစစ်ဆင်ရေး အဖြစ် လူ ၂၀၀ နီးပါး စုဝေးနေတဲ့ အခမ်းအနားတစ်ခုကို ဗုံးကျဲချရမယ်ဆိုတာလည်း ကြိုတင် သိရှိခဲ့ တယ်လို့ လေတပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အတွင်း ကင်းစောင့်နေတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး ၄ ဦးသေ သွားတယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ အရာတော်မြို့ နယ် လူထုသပိတ်ဦးဆောင်ကော်မတီကနေ အရာတော် မုံရွာ လမ်းပိုင်း တစ်နေရာမှာ “ဖားကန့် အနန့်ပါ အတွက်ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အား/အဖြစ် အရှိန်မြှင့်ကြ” ဘန်နာစာတန်းကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတဲ့ သတင်းအပါအဝင် စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article