29.6 C
Yangon

ဆီဆိုင်မြို့ရှိ ပြည်သူပိုင် စိုက်ပျိုးမြေ ၂၂၀၀ ဧကကို စစ်တပ်ပိုင် သတ်မှတ်ပြီး ပြည်သူက ကျူးကျော်ဟု တရားရုံးက ဆုံးဖြတ်မှု ခရိုင်တရားရုံးထံ အယူခံ တက်မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်အနီးရှိ ပြည်သူများ စိုက်ပျိုးလုပ်ကိုင် စားသောက်လာသော စိုက်ပျိုးမြေဧက ၂၂၀၀ ဧကသည် တပ်ပိုင်ဖြစ်ပြီး ပြည်သူများက ကျူးကျော်သည်ဟုဆိုကာ တရားစွဲဆိုထားမှုကို ဆီဆိုင်မြို့နယ်တရားရုံးက စစ်တပ်ကို အနိုင်ပေးလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ခမရ ၄၂၃နှင့် ၄၂၄ တို့က ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှု ဖြင့် ပြည်သူ ၂၀၀ကျော်ကို စွဲဆိုထားသော အမှုကို ဆီဆိုင်မြို့နယ် တရားရုံးက ပြည်သူများ ကျူးကျော်ဝင်ရောက်သည်မှာ မှန်ကန်သည်ဟု အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

အမှုကိစ္စနှင့် ပတ်သက်ပြီး တရားရုံး၏ အမိန့်ချမှတ်မှုအပေါ် ပြည်သူများက ကျေနပ်မှု မရှိသောကြောင့် ခရိုင်မြို့နယ် တရားရုံး၏ အဆုံးအဖြတ်ကို ထပ်မံ အယူခံသွားမည် ဖြစ်ကြောင်း သိရသည်။

” အဲဒီမြေက တောင်သူ ၂၅၀ နီးပါး ပိုင်တဲ့မြေ။ တရားရုံးက သူဆုံးဖြတ်တယ်ဆိုတာက ကျူး၊ မကျူးဘဲ သူဆုံးဖြတ်တာ ဖယ်ပေးပါ။ မဖယ်ပေးပါတော့ ဘာမှမပြောဘူး။ ဒီအမှုက ၁၉၉၆ တည်းက မြေသိမ်းမိန့်နဲ့ သိမ်းဆည်းထားတယ် ဆိုပြီးမှ အဲဒီအမိန့်နဲ့ ကျူးတယ်ဆိုပြီးတော့မှ ပုဒ်မ ၄၄၇ နဲ့ အမိန့်ချလိုက်တဲ့ အဲဒီ တစ်ခုပါပဲ။ အခုက ဒီအမှုနဲ့ ပတ်သက်ပြီး ခရိုင်ရုံးရဲ့ အဆုံးအဖြတ်ကို ပြန်တက်မယ်။ အခုချိန်က စိုက်ပျိုးရေး အချိန်လည်းဖြစ်တော့ ဒီတစ်ပတ်အတွင်း ခရိုင်ရုံးကို ပြန်တက်မယ်။ တောင်သူတွေက ရွာ ၄၊ ၅ ရွာရဲ့ကြားမှာရှိနေတဲ့အတွက် ဒီမြေက မြေလွတ်မြေရိုင်းလည်း မဟုတ်ဘူး။ စစ်တပ် တပ်မစွဲခင် ၁၉၉၆ခုနှစ် မတိုင်ခင်တည်းက လုပ်ကိုင်စားသောက်ခဲ့တာ ဒီနေ့အထိပဲ တောင်သူတွေက လုပ် ကိုင်နေတဲ့အတွက်ကြောင့် ၂၀၂၀ ကျမှ အမှုက တရားရုံးကို ရောက်တာပေါ့။ မြေဧက ၃၀၀ ခန့်က သူတို့ပေးမဝင်တော့ အဲမြေပိုင်ဆိုတဲ့သူတွေက လုပ်ကိုင် စားသောက်ဖို့ခက်နေတယ်။ လယ်​ယာမြေ မလုပ်ရတဲ့အတွက် အကုန် လုပ်ကိုင် စားသောက်ဖို့ ခက်ခဲနေတယ်” ဟု တောင်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ မြေဧက ၂၂၀၀ တွင် ဧက ၁၉၀၀ သည် လက်ရှိချိန်ထိ တောင်သူများ စိုက်ပျိုးရေး လုပ်ဆောင်နေပြီး ကျန်ဧက ၃၀၀ ခန့်ကို စစ်တပ်က ပေးမဝင်တော့​​ကြောင်း၊ ထို့ကြောင့် စစ်တပ်က သိမ်းပိုက်ထားသော မြေဧက ၃၀၀ ခန့်ကို ပိုင်ဆိုင်သောသူများသည် အခက်အခဲများဖြစ်နေပြီး စစ်တပ်က သိမ်းဆည်းမြေများအတွက် လျှော်ကြေးငွေလည်းပေးဆောင်ခြင်း မရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုးမြေဧက ၂၂၀၀ ကျော်ကို အကြမ်းစစ်တပ်က ၁၉၉၆ ခုနှစ်တွင် အတင်းအကျပ် သိမ်းယူခဲ့သဖြင့်် မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အငြင်းပွားမှု ပိုမိုပြင်းထန်လာကာ စစ်တပ်က ပြည်သူများကို မြေယာ ကျူးကျော်သည်ဆိုကာ ဆီဆိုင်မြို့နယ် တရားရုံးတွင် ၂၀၂၀ ခုနှစ်၌ ပုဒ်မ ၄၄၇ ဖြင့် တောင်သူ ၂၀၀ ကျော်ကို အမှုဖွင့်ခဲ့ကြောင်း၊ ယင်းသို့ အမှုဖွင့်ခဲ့ပြီးနောက် အောက်တိုဘာဘ ၂၇ ရက်နေ့တွင် ဆီဆိုင် တရားရုံးက ပြည်သူများ ကျူးကျော်ခဲ့သည်မှာ မှန်ကန်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article