36 C
Yangon

မန္တလေး၊ စကျင်ရွာတွင် တရုတ်နိုင်ငံသားတစ်ဦးကို စစ်တပ်က ပစ်သတ်၊ ပဲခူးတိုင်း၊ မုန်းမြို့တွင်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးမြို့ မတ္တရာမြို့နယ် စကျင်ရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီခန့်က ဝင်ရောက် စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက် စစ်တပ် ပစ်သတ်သောကြောင့် သေဆုံးသွားသူ တရုတ်နိုင်ငံသားသည် မြန်မာနိုင်ငံတွင် တရားဝင် ဗီဇာဖြင့် နေထိုင်သူဖြစ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

” ၂၇ ရက်နေ့ ည ၉ နာရီလောက်က စစ်တပ်က စကျင်ရွာကို ဝင်ရောက်စီးနင်းတဲ့အချိန် လက်ဖက်ရည်ဆိုင် အတွင်းအကြောင်းမဲ့ ဝင်ရောက် ပစ်သတ်သွားတာ သေဆုံးသူက တရုတ်နိုင်ငံသား တရားဝင် ဗီဇာနဲ့ နေထိုင်သူပါ။ သေဆုံးသူတရုတ်နိုင်ငံသားရဲ့ မြန်မာအမည်က ကိုဝေလျှံ လို့ခေါ်တယ်။ တရုတ် အမည်တော့ မသိဘူး။ စစ်သားတွေက ရွာသားတွေရဲ့ ဖုန်းခြောက်လုံးနဲ့ ငွေ ၅ သိန်းကိုလည်း ယူဆောင်သွား​တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ သစ်ချဆိပ်ရွာထဲသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU က တရားဝင်ပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်တွင်အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် KNU-မုန်းမြို့နယ် စီမံအုပ်ချုပ်နယ်မြေ သစ်ချဆိပ်ရွာသို့ ပစ်ခတ်ခဲ့ပြီး စာကျက်မြေသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ် တပ်ရင်း ခမရ ၃၅၁ နှင့် ခလရ ၆၀ တို့က လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ တောင် ယာ လုပ်ကိုင်နေသည့် အသက် ၂၄ နှစ်အရွယ် ကိုရဲမင်းဦး ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၎င်း၏ ညီဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုအာဗြဲလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူ ကိုရဲမင်းဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article