36 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေကို အရန်စစ်အင်အားတွေအဖြစ် စုဆောင်းနေရာမှာ NUG ၊ PDF တို့ နဲ့ ဆက်သွယ် ပတ်သက်ခြင်းမပြုလုပ်ဖို့ ၊ CDM လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်းမလုပ်ဖို့ အပြင် ၊ တပ်မတော် ရဲ့ ကျေးဇူး သစ္စာကို စောင့်သိ ရိုသေဖို့ ဆိုပြီး လျှို့ဝှက်လက်မှတ် ရေးထိုးခိုင်းထားတယ်လို့ သိရပါတယ်။ – မြန်မာ-တစ်နိုင်ငံလုံးမှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ရဲတွေက ခရီးသွားပြည်သူတွေ ၊ ခရီးသွား-ကားတွေကို အကြောင်းအမျိုးမျိုးပြပြီး ၊ ခြိမ်းခြောက် ငွေတောင်းယူမှုတွေ မြင့်တက်နေတဲ့အပြင် ၊စစ်ကိုင်းတိုင်းမှာ ဆိုရင် ကုန်ကား နဲ့ ဆီဘောက်ဆာကားတွေဆီကနေ စစ်ကောင်စီတပ်နဲ့ ရဲတွေက တစ်စီးကို ငွေကျပ် ၃ သိန်းကနေ ၈ သိန်းအထိ တောင်းခံနေတဲ့အတွက် စစ်ကောင်စီကို လုပ်ငန်းရှင် တွေက ပြန်ပြီး တိုင်ကြားနေရတယ်လို့ သိရပါတယ်။ – မန္တလေးမြို့ ၊ မတ္တရာမြို့နယ် ၊ စကျင်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီလောက်မှာ ဝင်ရောက် စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား တစ်ဦးကို ပစ်သတ်ခဲ့တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article