38 C
Yangon

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် ၇ စီးဖြင့် ယနေ့ နံနက်ပျံဝဲ ကင်းလှည့်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရေးရဟတ်ယာဉ် ၇ စီးဖြင့် ကင်းလှည့်ပျံဝဲခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှ နံနက် ၁၀ နာရီဝန်းကျင်အချိန်အထိ တိုက်ခိုက်ရေးရဟတ်ယာဉ်များ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပတ်ဝန်းကျင်တွင် ပျံဝဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။။

“မပခဘက်မှာ ဒီနေ့ နံနက် ၉ နာရီကနေ‌ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ထိ မြစ်ကြီးနားမြို့ အကျဲ ဖရော လွယ်ခေါ မော်ဖောင်း နမ်ကျင် စတဲ့နေရာများမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၇ စီးနဲ့ ကင်းလှည့်ပျံဝဲနေတာတွေ့ရပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ညနေပိုင်းကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ပေါ်တွင် ပျံဝဲနေသော အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article