36 C
Yangon

ခင်ဦး၊ မြင်းဒေါင်းရွာသား ၃ ဦးနှင့် ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကျေးရွာ ဆေးပေးခန်း၊ ဆေးဆိုင်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ကမြင်းဒေါင်းရွာသား ၃ ဦးနှင့် ဒေသပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြင်းဒေါင်း ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၃ ဦးဖြစ်သည့် ကိုဇော် ၄၅ နှစ်အား ရိုက်နှက်သတ်ဖြတ်ပြီး ကိုနေစိုး ၃၃ နှစ် နှင့် ဦးတင်ဝင်းမြင့် ၅၅နှစ်တို့ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ခင်ဦး-ရေဦး လမ်း၊ သရက်ပင်စုကျေးရွာတွင် ကင်းထောက်ချထားခဲ့သော စစ်သားများနှင့် ရွာသစ်ကုန်း ပျူစောထီးများက သတ်ဖြတ်ထားခဲ့သည့် ပြည်သူ တစ်ဦးဖြစ်သူ ကိုကျော်ခိုင်ဦး ၂၅ နှစ် ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာ ၂၈ ရက် နေ့ တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

မြင်းဒေါင်း ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးလက် ကျန်းမာရေး ဆေးခန်း၊ ဈေးတန်းအဆောင်၂၀ ကျော်နှင့် နေအိမ် ၅ လုံး ပြာကျသွားကြောင်း သိရသည်။

မြင်းဒေါင်းကျေးရွာနှင့် သရက်ပင်စုကျေးရွာသည် ရွာသစ်ကုန်းပျူစောထီးရွာနှင့် ကပ်လျက် တည်ရှိသောကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေ ရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article