30 C
Yangon

မြိုင်၊ ဆားလင်းကြီးနှင့် ပုလောတွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့ များ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် တနင်္သာရီ တိုင်း ပုလောတို့တွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့များ တိုက်ခိုက် ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြိုင်တွင် စစ်တပ် ကောင်စီ တပ်သားများ ၆ ကြိမ် မိုင်းဆွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း God Of Burmese Army (GOBA) အဖွဲ့ထံမှ သိရသည်။

မြိုင်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို (၆) ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၂၅ မိနစ်တွင် ကျောက်တိုင်ရွာ အနီး တစ်ကြိမ် မိုင်းဆွဲခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင်လည်း ပေပင်တိုက်ကျေးရွာ အနီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကိုင်းတောမစခန်းမှ ကင်းပတ်ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကိုင်းတောမ ရဲစခန်း အတွင်းမှ ဆိုင်ကယ်ဖြင့် ကွမ်းထွက်ဝယ်သည့် ဗိုလ်ကြီးမျိုးကို GONA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ဦးမျိုးသည် နောက်ကျောကို ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကာကွယ်ရေး ရဲဘော်များသေနတ်ဝင်လုခဲ့သော်လည်း ကိုင်းတောမ ရဲစခန်းအတွင်းမှ ပြန်လည် ပစ်ခတ်သည့်အတွက် သေနတ်မရရှိဘဲ ဆုတ်ခွာ ခဲ့​ရကြောင်း သိရသည်။

ဒဏ်ရာရသွားသော ဗိုလ်ကြီး ဦးမျိုးကို မြိုင်ဆေးရုံသို့ ပို့ဆောင်စဥ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆေးရုံသို့ လိုက်ပါ ပို့ဆောင်သည့် ဖောကားမှာ မိုင်းဆွဲ ခံရချိန် ဘီးပေါက်သွားသည့်အတွက် ပြည်သူ့ပိုင် ကားတစ်စီးကို ချောဆွဲပြီး မြိုင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က မြိုင်မြို့နယ်၊ အိုင်းမရွာမှ ထွက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ထပ်မံ မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း ဗိုလ်မိုးကြိုးဦးဆောင်သည့် God Of Burmese Army (GOBA) အဖွဲ့က ထုတ်ပြန်ထားသည်။

ဆားလင်းကြီးမြို့ပေါ်တွင် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်၌ ကင်းလှည့်နေသာ စစ်ကောင်စီ တပ် သား များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ဆားလင်းကြီး မြို့လယ် သာသနဟိတ အနီးတစ်ဝိုက်၌ ကင်းပတ်နေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးခဲ့​ကာ ကျန် စစ်သားသုံးဦး အပြင်း အထန် ဒါဏ်ရာရခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကာကွယ်ရေး တပ်ဖွဲ့များက သွားရောက် ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများကာ ဒဏ်ရာရ စစ်သားများကို ဆွဲခေါ် သွားသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myanmar Revolution Army (MRA) ၊ ဇာမဏီPDF ၊ နွေဉီး မုန်တိုင်းတပ်ဖွဲ့နှင့် Ba Yint Naung Army တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုလောတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

တနင်္သာရီတိုင်း ၊ပုလောမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပလမှမြိတ်ဘက်သို့ ထွက်ခွာ လာသော စစ်ကား ၃ စီးကို King Cobra (တောကြီး မြွေဟောက် တပ်အဖွဲ့) မှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း King Cobra အဖွဲ့မှ ထုတ်ပြန်ထားသည်။

မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားနေရာများကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲ ထား သော စီမံကိန်းရုံးနှင့် စည်ပင်ရုံးတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက် နက် ကြီး ၆၀ မမ၊ ၁၂၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်က လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် ခဲ့ကြောင်း၊ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)နှင့်အတူ Pakokku underground Force တပ်ဖွဲ့ M ဒေါင်းနီ တပ်ဖွဲ့၊ တမာမြေ ပျောက် ကြား တပ်ဖွဲ့၊မဟူရာအလင်းတန်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့-မြိုင်၊MVP တပ်ဖွဲ့၊ အောင်သပြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ ဒေသကာကွယ် ရေးအဖွဲ့များ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦးခန့် ထိခိုက်မှု ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article