28 C
Yangon

ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို စစ်တပ်က မီးတင်ရှို့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က ညောင်ပင်သာကျေးရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီခွဲတွင် မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေးနေရပြီး ပိတ်မိနေသူများလည်းရှိကြောင်း သိရှိရသည်။

“ရွာမဝင်ခင်မှာ ပစ်ခတ်မှုဖြစ်တယ်လို့တော့ကြားတယ်။ အတိအကျတော့မသိဘူး။ မနက် ၇ ခွဲ လောက်မှာ လက်နက် ကြီးများနဲ့ပစ်ခတ်နေပါတယ်။ နံနက် ၁၀ နာရီ လောက်မှာ မီးရှို့ခံရတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နေအိမ်များကို လုယက်ဖျက်ဆီးမှုများ၊ မီးတင်ရှို့မှုများ လုပ်ဆောင်ပြီး ကျေးရွာတစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article