36 C
Yangon

ဝက်လက်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသောကြောင့် ကျေးရွာ ၁၅ ခုမှ ပြည်သူ သောင်းချီ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာ ၁၅ ရွာက သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဝက်လက်မြို့နယ် အနောက်ပိုင်းကို ဝက်လက်မြို့ပေါ်မှ စစ်ကားများနှင့် ရွှေဘိုဘက်မှ စစ်ကားများ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာခြင်းကြောင့် မြို့နယ် အနောက် ပိုင်း ရှိ ကျေးရွာ ၁၅ ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် လက်ရှိအချိန်တွင် ဇီးတော၊ ရွာသစ်၊ အန္နဲဘုတ်၊ စိုင်နိုင်လေး၊ သနပ်ချောင်၊ စိုင်နိုင်ကြီး၊ မဲတောကုန်း၊ စိုင်နိုင်ကွေ့၊ သားနား၊ မောက်ကြိုး၊ ရေထွက်၊ ရွှေကျင်၊ လှတော၊ ကံသာ၊ ထိန်ကန် ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်း သိရသည်။

” ဝက်လက် အနောက်ခြမ်းကို ခွေးစစ်ကြောင်းတွေ ‌လှတောရွာကနေစပြီး ရွှေဘိုမြို့ထိ ကားလမ်းဘေး ရွာတွေကို အင်အား အလုံးအရင်းနဲ့ စစ်ခွေးတွေ နေရာ အနှံအပြား ရှိနေတယ်။ ဝက်လက်မြို့နယ် အနောက်ခြမ်း ကျေးရွာ၁၀ခန့်လောက်က ပြည်သူတွေလည်း စစ်ဘေးရှောင်နေရတယ်။ ခွေးစစ် ကြောင်း တွေက ၅ ကြောင်း၊ ၆ ကြောင်းလောက်ရှိတယ်။ ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း ထိတွေ့မှု တွေ ဖြစ်တယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဝက်လက်မှ စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article