26 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးဌာနဆိုင်ရာ ဝန်ထမ်းများကို ရုရှားနိုင်ငံသို့ ပညာတော်သင် အများအပြား စေလွှတ်မည်ဖြစ်ကြောင်း ကြောင်း သိရှိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရုရှားအစိုးရ ပညာသင်ဆုများကို ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ဝန်ထမ်းများက ခွင့်ပြုချက်ရယူ၍ လျှောက်ထားကြရန် စာပေးပို့ ညွှန်ကြားထားကြောင်း သိရှိရသည်။

ရုရှားနိုင်ငံသို့ အစိုးရ ပညာတော်သင်ဆုလျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ-

၁- အလယ်တန်းအဆင့် သက်မွေးဝမ်းကျောင်းပညာရေး
၂-ရိုးရိုးဘွဲ့
၃-မဟာဘွဲ့
၄-အထူးဘွဲ့
၅-ဘွဲ့လွန်
၆-နေရပ်ဒေသအလိုက်လေ့ကျင့်ရေး
၇-စစ်ဘက်ဆိုင်ရာ ဘွဲ့လွန်သင်တန်း
၈-သင်ထောက်ကူပြုလေ့ကျင့်ရေးနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ထပ်ဆောင်းပညာရေး တို့ကို ဝန်ကြီးဌာနဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ရုရှားအစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်လျက်ရှိပြီး နှစ်နိုင်ငံရင်းနှီးမြုပ်နှံရေး၊ ငွေကြေးကဏ္ဍဆိုင်ရာများကို တိုးချဲ့လျက်ရှိကြောင်း၊ စစ်ဘက်ရေးရာများတွင်လည်း မြန်မာနိုင်ငံက ရုရှားနိုင်ငံမှ စက်လက်နက်ခဲယမ်းများကို တိုက်လေယာဉ်များ အပါအဝင် စစ်ရေးဆိုင်ရာ ဘက်စုံသုံး ယာဉ်များကို တိုးမြှင့် ဝယ်ယူမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article