Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို Mi 35 ရဟတ်ယာဥ် က မှားယွင်းပစ်ခတ်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား ၆၉ ဦးသေသွားတယ်လို့ CDSOM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။ – ပဲခူးတိုင်း၊ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်အကြား မင်းလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်ရဲ့ သံဆိပ်၊ ဘောကထာ၊ တုံးတံတားစခန်းတို့ကို နိုဝင်ဘာ ၁၃ ရက်နေ့က KNLA နဲ့ PDF တပ်တွေက တိုက်ခိုက်သိမ်းပိုက် လိုက်ပါတယ်။ – ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ရေးဆွဲထားတဲ့ ထမီနဲ့ ပုဆိုးတွေဝတ်ဆင်ကာ လူထုလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ – ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ စစ်ကားဗုံးပစ်ခံရပြီး မီးလောင်တဲ့အပြင် ဗုံးပေါက်ကွဲမှုတွေပါ ထပ်မံ ဖြစ်ပွားခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။