34 C
Yangon

Yangon Time Investment အမည်ရ ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင် ကုမ္ပဏီက ရှယ်ယာခေါ်ထားသည့် ငွေကျပ်သိန်းထောင်ချီကို လိမ်လည်သွားပြန်

Must read

ရန်ကုန်၊နိုဝင်ဘာ ၁၇

Yangon Times Investment အမည်နှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအမည်ခံ ကုမ္ပဏီသည် နိုဝင်ဘာ ၁၄ ရက်နေ့မှ စ၍ ငွေကြေးရင်းနှီးမြှုပ်နှံမည့်သူများကို အတိုးအမြတ်ငွေနှင့်အရင်းငွေများ ငွေပေးချေခြင်းမပြုဘဲ တိမ်းရှောင်နေကြောင်း ငွေကြေးရင်းနှီးမြှုပ်နှံသူများထံမှ သိရှိရသည်။

“ Yangon Times Investmentပါ သူ့ဆီမှာလည်းတော်တော်များများပါသွားကြပါတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ထဲက မူမမှန်နေတာပါ။ မနေ့ကမှရင်းနှီးမြုပ်နှံထားတဲ့သူတွေကသိကြတာပါ။ မနေ့ကနေ အခုချိန်အထိ Page ကနေ ဘာမှ ဖြေရှင်းခြင်း မရှိသလို အေးဂျင့်တွေက အစ ဖုန်းမကိုင်၊ ဆက်သွယ်မှုဧရိယာပြင်ပတွေ ဖြစ်ကုန်ပါတယ်။ ခန့်မှန်းခြေ သိန်း လေးငါးသောင်း‌ လိမ်လည်သွားတယ်လို့ ဆိုနိုင်ပါတယ်ဗျ” ဟု Yangon Time Investment တွင် ငွေကြေးထည့်ဝင်ထားသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

အဆိုပါ Yangon Times Investment ကုမ္ပဏီသည် Forex Copy Trading & Bitcoin mining လုပ်ဆောင်သည်ဟုဆို၍ လူပေါင်းများစွာထံမှ ငွေကြေးထည့်ဝင်ရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကုမ္ပဏီကို ဆက်သွယ်နိုင်သည့် ဖုန်းများအားလုံးကို စက်ပိတ်ထားကြောင်းနှင့် ၎င်းတို့ကို Investor တိုင်းက ဆက်သွယ်၍ မရရှိတော့ကြောင်း ငွေကြေးထည့်ဝင်ထားသူများထံမှ သိရှိရသည်။

Yangon Times Investment ကုမ္ပဏီမှ ငွေကြေးထည့်ဝင်ရန် ရှယ်ယာရှင်များထံမှ ငွေကြေးလက်ခံသည့် ဘဏ်အကောင့်များမှာ –

U Gun Jar Naw Seng – 09689496739 (Kpay)

U Sai lao Pha – 09 677285136 (Kpay )

Thet Yu Yu Soe -09761745507 (Kpay)

Pyone Yee Khin – 09798681364 (Kpay)

U Thet Zaw Htwe – KBZ Special Account – 410 511 059 009 511 01

Sai Seng Lao Pha – KBZ Special Account – 41051141000538581

တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ရုံးကို မေးရင်လည်း ရန်ကင်းဖြစ်လိုက်၊ မရမ်းကုန်းဖြစ်လိုက်နဲ့ နေရာအတိအကျမပြောဘဲ ပတ်လိမ်နေပါတယ်ဗျ။ Investor ပေါင်း ၅၀၀ နီးပါးရှိပါမယ်ဗျ။ ခုထိ ဘာ အဆက်မသွယ်မှကို မရသေးပါဗျ။ ကျွန်တော်က ကုမ္ပဏီကို ငွေ ၁၀ သိန်း ထည့်ဝင်ထားတဲ့ Investor တစ်ယောက်ပါဗျ။ သူများတွေ သိန်းရာနဲ့ချီ ရင်းထားသူတွေ ရှိပါတယ်ဗျ” ဟု ငွေကြေးထည့်ဝင်ထားသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဘဏ်နှင့်ငွေကြေးလုပ်ငန်းများ ကမောက်ကမဖြစ်ကာ ပြည်များသည် မိမိတို့၏ ငွေကြေးများ မဆုံးရှုံးစေရေး ရှယ်ယာခေါ်သည်(သို့မဟုတ်) အတိုးပေးသည်ဆိုသော လုပ်ငန်းများတွင်ငွေများရင်းနှီးမြှုပ်နှံကြခြင်းဖြင့် သိန်းထောင်သောင်းချီ အလိမ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article