29 C
Yangon

ကျောက်ထုနှင့် ခင်ဦးတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးခန့်သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ ကျောက်ထုမြို့တွင် ကျေးရွာများကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး အဖွဲ့များက တိုက်ခိုက်ခဲ့​​ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျောက်ထုတပ်ထဲမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ၅၅ ၊ ၁၁ ၊ ၁၀၁ အင်အား ၉၃ ဦးပါ အဖွဲ့သည် လက်ပန်းကျေးရွာတွင် ညအိပ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် လက်ပန်းကျေးရွာကို စတင်မီးရှို့ခဲ့ပြီး လက်ပန်းဆရာတော်နှင့် ပြည်သူ ၃ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားပြီးနောက် ကျောက်ထု PDF (YRPA) မှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ကျောက်ထု PDF(YRPA) ခရိုင်တပ်ရင်း (၈)တပ်ရင်း(၉)၊ ဆောPDF ခရိုင်တပ်ရင်း (၃)တပ်ရင်း(၅)၊ ဆော PDF တပ်ရင်း၂ (YRPA)၊ ထီးလင်းPDF ခရိုင်တပ်ရင်း (၄)၊ The Youth Force (saw&kyaukhtu),YDF (ဆော)၊ CDF (ကန်ပက်လက်)၊ ပေါက် PDF တို့ မဟာမိတ် ပူးပေါင်းအဖွဲ့များမှ လက်ပန်းကျေးရွာတွင်တပ်စွဲထားသော စစ်တက်ကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ၂ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များမှ တောက်လျောက် လိုက်လံပစ်ခတ်ခဲ့သောကြောင့် စစ်တပ် စစ်ကြောင်းများ လက်ပန်းကျေးရွာမှ ဆုတ်ခွာသွားပြီး ပဆုပ်ကျေးရွာကို ပြန်လည်မီးရှို့ပြီး ပဆုပ်ကျေးရွာအနောက်တောထဲသို့ ဆုတ်ခွာသွားကြောင်း သိရသည်။၊

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပဆုပ်ကျေးရွာ အနောက်တောထဲ၌ ပျောက်နေသော အကြမ်းဖက် စစ်ကြောင်းသည် မြောက်မကျင်းကျေးရွာ ဘုရားကုန်းတွင် ရောက်ရှိနေချိန် နံနက် ၁၁ နာရီ ၃၀မိနစ်ခန့်တွင် ကျောက်ထု PDF (YRPA) ခရိုင်တပ်ရင်း (၈/၉)၊ ဆော PDF ခရိုင်တပ်ရင်း (၃/၅)၊ ဆော PdF တပ်ရင်း၂ (YRPA)၊ ထီးလင်းPDF ခရိုင်တပ်ရင်း (၄),The Youth Force (saw&kyaukhtu),YDF (ဆော) ,CDF (ကန်ပက်လက်)၊ ပေါက် PDF တို့မဟာမိတ် ပူးပေါင်းအဖွဲ့များမှ မီတာ ၁၀၀ ခန့် အကွာအထိ ချဥ်းကပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စခွေးးများအထိနာ၍ အထိအခိုက်အကျအရှုံးများဖြင့် မြောက်မကျင်းကျေးရွာအတွင်းသို့ဆုတ်ခွာ သွားကြောင်းသိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ အနည်းဆုံး ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ကျောက်ထု PDF (YRPA) က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရေဦးမြို့မှ ထွက်လာသော အင်အား ၇၀ ခန့်ပါဝင်သည့် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ အနောက်တောင်ခြမ်းရှိ ညောင်ပင်ခြံ ဆည်ကြီး၊ မရမ်းအင်၊ ကုန်းသာ ကျေးရွာများကို မွှေးနှောက်ဖျက်စီးလာခဲ့သောကြောင့် ကုန်းသာ၊အောင်သာ၊ ရွှေယမင်း ကျေးရွားအကြား မွန်းလွဲ ၁ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

“ရေဦးမြို့ကနေ ဒီနေ့ နံနက်ပိုင်းမှာ ထွက်လာတာ ခွေးတွေက အင်အား ၇၀ လောက်ရှိတယ်။ ခင်ဦးမြို့ အနောက် တောင်ခြမ်းမှာရှိတဲ့ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်၊ ၊ကုန်းသာ၊ ကျေးရွာတွေကို မွှေနှောက် ဖျက်ဆီးပြီးတဲ့ နောက် ကုန်းသာ၊ အောင်သာ၊ ရွှေယမင်း ကျေးရွာ အကြားမှာ မွန်းလွဲ ၁ ကနေ စပြီး ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ စစ်ခွေး ၁၀ ကောင်လောက် ငရဲကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု တာဝန်ခံ ဗိုလ်ဂျက်စတင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Khin U local GuerrillaForce (K.U.G.F) နှင့် ကာကွယ်ရေးတပ်ပေါင်းစုများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article