30 C
Yangon

သုံးဆယ်မြို့လယ်တွင် စစ်ကောင်စီခန့် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် သုံးဆယ်မြို့မ စျေးလယ်ကောင်တွင် စံရွေးတန်းရပ်ကွက် အုပ် ချုပ်ရေးမှူး ထွန်းထွန်းကို ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

” အဲဒီ အုပ်ချုပ်ရေးမှူး ထွန်းထွန်းက စစ်ကောင်စီ အာဏာသိမ်းတည်းက သူ့ရပ်ကွက်ရုံးမှာ တပ်စွဲခွင့်ပြုပြီးတော့ စစ်ကောင်စီ တပ်သားတွေကို ဧည့်ခံကျွေးမွေးပြီး စစ်တပ် အမာခံလိုမျိုးကို လူရာဝင်အောင် လုပ်ထားတဲ့ သူလည်းဖြစ်တယ်” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

သုံးဆယ်မြို့ခံတချို့ထံ ဆက်သွယ်မေးမြန်းချက်အရ လက်ရှိတွင် စစ်တပ်နှင့်ရဲဘက်က အုပ်ချုပ်ရေးမှုး၏ အလောင်းကို သယ်ဆောင်သွားပြီး မြို့ကိုလည်း အဝင်အထွက်များ ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ မသက်ဆိုင်သည့် လူငယ်များကို ဖမ်းဆီးရိုက်နှက် စစ်ကြော သတ်ဖြတ်မည်ကို စိုးရိမ်နေရကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article