35 C
Yangon

အရာတော်၊ နွားမသင်းရွာ စာသင်ကျောင်းနှင့်နေအိမ်များကို စစ်တပ်ကမီးတင်ရှို့နေပြီး PDF က ပြည်သူများကို ပြောင်းရွှေ့ပေး၊ တန့်ဆည်တွင် စစ်ကြောင်းများ ဝင်လာ၍ ပြည်သူများ ထွက် ပြေးရ

Must read

ရန်ကုန်၊ နိုဝင်ဘာ၂၅

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် ၊ နွာမသင်းကျေးရွာမှ စာသင်ကျောင်းဆောင်နှင့် ကျေးရွာအတွင်းရှိ နေအိမ်များကိုယေနေ့ နိုဝင်ဘာ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“စစ်ခွေးတွေက အရာတော်ကနေ စစ်ကားအကြီး၂စီး နဲ့လာတယ်။ သူတို့ ပြီးတော့ ငွေတွင်းရွာကနေ ပထွေးအားကိုးပျူစောထီးတွေ ထပ်ရောက်လာတယ်။ ပထမ စာသင်ကျောင်းအသစ်အဆောင်ကို မီးရှို့ တယ်။ ခဏနေတော့ ရွာထဲကအိမ်တွေကို မီးရှို့နေတယ်။ ရွာသားတွေကတော့ ဖမ်းဆီးခံရသူ မရှိ လောက်ဘူး။ အတိအကျတော့ မသိရသေးဘူး။ ရသလောက်တော့ ရွာထဲကလူတွေကို ကျနော် တို့ ကယ် ထုတ်နိုင်ခဲ့တယ်။စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်” ဟု အရာတော် ပြည်သူ့ ကာကွယ် ရေးအဖွဲ့မှ ဗိုလ်ရန်ရှင်းကပြောသည်။

လက်ရှိ စစ်တပ်က မီးရှို့နေသော အရာတော်မြို့နယ်၊ နွားမသင်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော် ရှိပြီး စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာအတွင်းတွင် နေအိမ်များကို ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလား ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ) ကျေးရွာအနီးသို့ အင်အား ၂၀၀ ခန့်ရှိ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ စစ်ကြောင်းက လမ်းတစ်လျှောက် ကင်းပုန်းများ ချထားခဲ့ကြောင်း ဒေသတင်းရင်းမြစ် TSO က သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- ယနေ့ တန့်ဆည် ရွာရှည်(မ)ကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article