29 C
Yangon

နွေဦးတော်လှန်ရေး စည်းလုံးမှုကို ဖြိုခွဲရန် စစ်တပ်က ထုတ်လွှင့်နေသော သတင်းအမှားများကြားမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မည်ဆိုသော သတင်းအတု

Must read

By အီဂေါဗလာဇီဗစ်

မြန်မာနိုင်ငံက မိတ်ဆွေများ ခင်ဗျား။ ဆိုရှယ်မီဒီယာပေါ်မှာ ခင်ဗျားတို့ တင်တာတွေ၊ ပြန်ရှဲကြတာ တွေ , သူများရေးတာ ပြန်ကူးတင်တာတွေလုပ်တဲ့အခါ၊ မှတ်ချက် (comment ) ဝင်ရေးတဲ့အခါ ကိုယ်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်သူတွေနဲ့ ဆက်ဆံနေတယ် ဆိုတာ ဘယ်သူတွေနဲ့ ငြင်းခုံ မိနေတယ်ဆိုတာ၊ ဘယ်လောက် စိတ်ခံစားချက်တွေပါနေမိသလဲဆိုတာတွေနဲ့ ပတ်သက်လို့ သတိကြီး ကြီးထားစေလိုပါတယ်။

ဒီရက်ပိုင်းတွေထဲမှာပဲ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်တပ်က လွှတ်လိုက်တဲ့နိုင်ငံရေး အကျဉ်းသား တွေထဲမှာ ဒေါ်အောင် ဆန်းစုကြည်ပါ တယ်ဆိုပြီး ရုရှားမီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။ အဲဒါဟာ သတင်းမှား သတင်းတုဖြစ်တယ် ဆိုတာပြောစရာမလိုပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ မြန်မာဆိုရှယ်မီဒီယာပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်တော့မယ် ဆိုတဲ့ ကောလဟ လတွေ ပျံ့သထက်ပျံ့လာပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ချင်လည်း လွှတ်ပါမယ်။ မလွှတ်ချင်လည်း မလွှတ်ပါဘူး။ ဒါပေမယ့် ရှင်းရှင်းပြောရရင် အစကတည်းက ဖမ်းစရာကို မလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေကို ဘာမှ အချိန် ဆိုင်းစရာမလိုဘဲ လွှတ်ပေးရမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကို မကြာခင်လွှတ်တော့မလိုလိုပြောနေတဲ့ ဒီ ကောလဟလတွေဟာ စစ်တပ် က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေပါပြီ။

ရုရှား တပ်ထောက်လှမ်းရေးအေဂျင်စီတွေက လုပ်နေကျ အချိုးမျိုးတွေပါ။ အမြဲတမ်းမှတ်ထား သင့်တာ ကတော့ မြန်မာစစ်တပ်ထဲက မျိုးဆက်သစ်အရာရှိတော်တော်များများဟာ ရုရှားမှာ ပညာသင်ခဲ့တယ် ဆိုတာပါပဲ။ ရုရှားဟာ အခုဆိုရင် မြန်မာစစ်တပ်ကို ထောက်ခံမှု အပေးဆုံး နေရာမှာရှိနေတယ်။

ပူတင်ရဲ့ ရုရှားဟာ ပြိုကျနေတဲ့ အာဏာရှင်တွေ မပြိုအောင် ကျားကန်ပေးချင်တဲ့နိုင်ငံပါ။ သတင်း အမှားတွေ၊ စိတ် ဓာတ် စစ်ဆင်ရေးအတွက်ဖြစ်စေ၊ အခြေအနေ ဝေဝါးရှုပ်ထွေး သွား အောင်ဖြစ်စေ လုပ်တာဟာ ရုရှားစစ်ဗျူဟာတွေထဲမှာ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီးတော့ သူတို့သုံးနေကျနည်းတွေကို ပြည်သူ့တော်လှန် ရေးတွေကို နှိမ်နင်းတဲ့နေရာမှာ သုံးဖို့ အာဏာရှင် တွေကို နည်းပေးလမ်းပြလုပ်တတ်ပုံတွေထဲက တစ်ခုပါ။

သတင်းတု သတင်းမှားခပ်ကြီးကြီးတစ်ခုကို တမင်လွှင့်လိုက်တာက လူတွေကို ဝေဝါးအောင်လုပ်တဲ့ နည်းဗျူဟာတစ်ခုပါ။ ပထမအဲဒီလို သတင်းတုတွေဟာ မီဒီယာတစ်ခု သို့မဟုတ် မီဒီယာ နည်းနည်းမှာ ပေါ်လာမယ်။ ပြီးရင်တော့ အဲဒီသတင်းဟာ ကောက်ရိုးမီးလို ဆိုရှယ်မီဒီယာ ကွန်ရက်တွေပေါ် ပျံ့သွားမယ်။ အမျိုးမျိုးအဓိပ္ပါယ်တွေ ဖွင့်ကြမယ်။

ဒီတဟုန်းဟုန်းပျံ့သွားတဲ့ သတင်းတုဟာ အစောပိုင်းမှာကြည့်လိုက်ရင် အလိုလို ပျံ့တာမဟုတ်ဘဲ တမင်တကာ နည်းမျိုးစုံနဲ့ ပျံ့အောင် လူတွေဆီရောက်အောင် ထိုးတင်နေတာကိုတွေ့ရမယ်။ ဒီလိုဖြန့်ဖို့ အကောင့်တုတွေ၊ သတင်းကို စက်နဲ့ ပွားပြီးပျံ့စေတာတွေ၊ ငွေယူပြီးပို့စ်တင်တဲ့ သူတွေက တဆင့်သွားတာတွေ စတဲ့ ပုံစံတွေနဲ့ အရှိန်ထိုးတင်ကြတာပါ။

အရေးကြီးတာကတော့ အဲဒီအစောပိုင်းဖြန့်ထုတ်လိုက်တဲ့ သတင်းတုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များလာတဲ့အချိန်ကိုရောက်လာရင် လူတွေကို အမျိုးမျိုးအဓိပ္ပါယ်တွေ ဖွင့်ဆိုကြတော့တာမို့ မူပုံစံကနေ လိုတိုးပိုလျှော့မူကွဲတွေ ပေါ်လာတတ်ပါတယ်။

ဒီလို ကျဲပြန့်နေတဲ့ သတင်းတု တစ်ခုကိုကြည့်လိုက်ရင် ကောင်းကင်ပေါ်ကနေ နေရာမလပ် ဗုံးကျဲချလိုက်ရင်တောင် အတူတူမခံရဘဲ ဘက်ကွဲသွားစေတဲ့ဗုံးမျိုးပဲ။ သတင်းထူး လို့ အယောင်ဆောင်ထားတဲ့ ဒီသတင်းကို အမျိုးမျိုး ထင်ရာတွေ ဖွင့်ဆိုကြပြီးတဲ့အခါ ဆိုရှယ်မီဒီယာအဝန်းအဝိုင်းအမျိုးမျိုးထဲကို ပုံစံ အမျိုးမျိုးနဲ့ရောက်ရှိသွားတော့တယ်။

အဲဒီအခါ မဆိုင်းမတွပါပဲ ဆိုရှယ်မီဒီယာအသိုင်းအဝိုင်းတစ်ခုနဲ့တစ်ခု အမြင်မတူတာတွေ အချက်အလက် မတူတာတွေအပေါ်မှာ ရန်ဖြစ်ကြတော့တယ်။ အဲဒီလို ရန်ဖြစ်ကြတဲ့ အခြေအနေက စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်တဲ့သူတွေဘက်က ဖြစ်စေချင်တဲ့ပုံစံပါပဲ။ အချင်းချင်းကြား မယုံကြတော့တာ၊ စိတ်ဝမ်းတွေကွဲကြတာ၊ ဒေါသတွေထွက်ကြတာ၊ အပြန်အလှန်မုန်းတီးကြတာ ဒါတွေက သူတို့အတွက် အမြတ်ထွက်ပါတယ်။

အခုချိန်မှာဆိုရင် မြန်မာစစ်အာဏာပိုင်တွေဟာ အတော်အထိနာနေပါတယ်။ သူတို့ဟာ အရပ်သား ပြည်သူတွေအပေါ် ဗုံးကျဲ ရွာတွေမီးရှို့ပြီး ရက်ရက်စက်စက် တိုက်ခိုက်နေတယ်။ လူတွေကို အိမ်မှာနေလို့မရအောင် ဖိစီးနေတယ်။ မြို့ပေါ်မှာ တက်ကြွလှုပ်ရှားသူတွေကို လိုက်ဖမ်းနေတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ နေ့တိုင်း အဆုံးအရှုံးနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။

စစ်သားတွေကို နေ့တိုင်း လက်လွှတ်နေရတယ်။ စခန်းတွေကို လက်လွှတ်နေရတယ်။ နယ်မြေတွေ ကိုလက်လွှတ်နေရတယ်။ သူ့တပ်တွေဟာ အာရကန်ကနေ ကချင်အထိ ကချင်ကနေ တနင်္သာရီအထိ ဖြန့်ချထားရတယ်။ စစ်တပ်မှာ ဒီလောက် တိုင်းပြည်တနံတလျားကို ဖြန့်ချထားဖို့ အားမရှိဘူး။

အဲဒီတော့ စစ်အာဏာရှင်တွေအနေနဲ့ ERO နဲ့ PDF တွေကြားမှာ စိတ်ဝမ်းကွဲလာအောင် လူမျိုးစု အစုအဖွဲ့တွေနဲ့ NLD ကြား ပိုပြီးကွဲလာအောင် ဆွပေးဖို့လိုနေတယ်။ ကောလဟလတွေ သတင်းအတုတွေ ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မလိုလို လုပ်နေတာမှာ ရှင်းလင်းတဲ့ ရည်မှန်းချက် တစ်ခုပဲရှိတယ်။

NUG နဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကြား စိတ်ဝမ်းကွဲစေဖို့ပဲ။ တကယ်လို့ NLD နဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကြား မကြေလည်မှုကို အသစ်တစ်ဖန်ပြန်နှူးပေးနိုင်ရင် မီးစတစ်ဖန် ပြန်ထိုးလို့ရ သွားပြီဆိုရင် စစ်တပ်ဘက်ကနေ အဲဒီအကွဲကိုသုံးပြီး သူလိုရာကို ဆက်လုပ်တော့မှာပဲ။

စစ်တပ်ရဲ့ ငြိမ်းချမ်းရေးပွဲစားတွေဟာ နောက်ကွယ်ကနေ ဒီခွင်ကို ဖော်နေကြပြီလို့ ပြောနေကြတာရှိပါတယ်။ စစ်တပ်က ဖြစ်စေချင်တာ၊ စစ်တပ်အတွက် လိုအပ်နေတာက သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲမှာ ဝင်ပါလာဖို့ ဆွဲဆောင်ဖို့နဲ့ EROs ခေါင်းဆောင်တွေကို မစစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာနဲ့ လှည့် စားဖို့ပါ။

ကျွန်တော်တို့သိကြတဲ့အတိုင်း အရေးကြီးတဲ့ လူမျိုးစုပုဂ္ဂိုလ်အစုအဖွဲ့တွေ၊ လူမျိုးစုပါတီတွေ၊ ERO နဲ့ လူမျိုးစု အရပ်ဘက် လူ့အဖွဲ့အစည်းတွေတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဟာ ဘယ်တုန်းကမှ ပွင့်လင်းသင့်သလောက် မပွင့်လင်းခဲ့ဘူးဆိုတဲ့ အမြင်၊ လူမျိုးစုတွေအပေါ် တသားတည်း ဖြစ်သင့် သလောက် မဖြစ်ခဲ့ဘူးဆိုတဲ့ အမြင်တွေရှိကြတယ်။ ဒီလို လူမျိုးစုတွေဘက်က ထင်တာ ခံစားတာ ဟာလည်း အကြောင်းမဲ့မဟုတ်ဘူး။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်ပေးတော့မယ်ဆိုတဲ့ ဒီလို သတင်းတု သတင်း ယောင် ဗုံးကျဲချလိုက်ခြင်းဟာ စိတ်ခံစားမှုတွေကို ဆွပေးနိုင်တာမို့ ဒါဟာ စိတ်ဓာတ် စစ်ဆင် ရေး ကစား ကွက်တွေပဲဖြစ်တယ်၊ စိတ်ပိုင်းဆိုင်ရာကို တိုက်နေတာ ဖြစ်တယ်။

ကျွန်တော့်ရဲ့ မြန်မာမိတ်ဆွေများခင်ဗျား။ ဒါကြောင့်မို့ အခုအခါမှာ ခင်ဗျားတို့ ဆိုရှယ်မီဒီယာမှာ ရေးတာ၊ သူများ‌ရေးတာကို တစ်ဆင့်ပြန်တင်တာနဲ့ ဝေမျှတာတွေကိုလုပ်တဲ့အခါမှာ သတိကြပ် ကြပ် ထားကြဖို့ပါ။ ကိုယ်က ကော်မန့်တွေရေးတဲ့အခါ၊ ကော်မန့်တွေကို တုံ့ပြန်တဲ့အခါ ဆိုရှယ်မီဒီယာ တွေမှာ ကိုယ်ဘယ်သူ တွေနဲ့ ဆက်ဆံပြောဆိုနေတယ် ဆိုတာ၊ စိတ်ခံစားမှုတွေ ဘယ်လောက်ပါ သွား တယ် ဆိုတာကို နှစ်ထပ် စဉ်းစားပြီး သတိထားကြပါလို့ တိုက်တွန်းလိုပါတယ်။

ဓာတ်ပုံ-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article