29 C
Yangon

ထီချိုင့်မြို့နယ်၊ အလယ်တောစံပြကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် အထိနာ၍ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောစံပြကျေးရွာကို စစ်တပ်က တိုက် လေယာဉ်များဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ နိုဝင်ဘာ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် ‌တိုက် လေယာဉ် ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့ ကာ ကွယ် ရေး တပ် များ အကြား တိုက်ပွဲပြင်းထန်ကာ စစ်တပ်ဘက်မှ အထိ နာနေ သ ဖြင့် တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ထီးချိုင့်ဒေသ တော် လှန် ရေး ခေါင်းဆောင်များက ပြောသည်။

“မြေပြင်က စစ်ခွေးတွေနဲ့ ကျနော်တို့အဖွဲ့တွေ ဒီနေ့မနက်ခင်း ၈နာရီ လောက် ကတည်းက စပြီးတိုက်ပွဲဖြစ်တယ် ။ ဒီကောင်တွေက မနေ့က ဆူးပုတ်ချောင် ရွာကိုမီးရှို့ပြီး ထွက်လာတဲ့စစ်ခွေးတွေ။ အခုတိုက်ပွဲက ကျွန်တော်တို့က နေရာ ကောင်း ကနေ စောင့်တိုက်တာ ။ ဒီကောင်တွေ ပိတ်မိပြီး အကျဆုံးများတာ ကြောင့် အခုလိုလေယာဉ်နဲ့လာပစ်တယ်။ တိုက်လေယာဉ် နဲ့ပစ်ခတ်လို့ ကျနော် တို့ ဘက်က ၅ ဦး မစိုးရိမ်ရဒဏ်ရာရှိထားတယ်။ ပေါက်ပြဲ အဆင့် လောက် လေး ပါ။ ဒဏ်ရာရတဲ့သူ‌တွေ ကို ဆေးကုသပေးနေပြီ။ သူတို့ ဘက် ကတော့ သေတာ ရော ဒဏ်ရာရတာရော ၅၀ အထက် လို့တော့ ခန့်မှန်း ထားတယ်” ဟု ထီးချိုင့် ဒေသ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ဆိုသည်။

ထီးချိုင့်ဒေသခံတစ်ဦးကမူ “လောလောဆယ် သတင်းရတာတော့ လေယာဉ်နဲ့ ပစ်တာမှာ အလယ် တောရွာ ဘုရားကုန်း တော်တော် ထိတယ် ကြားတယ်။ အသေအပျောက်စာရင်း မရသေးဘူး။” ဟု ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆို သည်။

ထီးချိုင့်ကို ဗုံးကျဲနေသည့် တိုက်လေယာဉ်များသည် မန္တလေးတိုင်း၊ တံတား ဦးလေဆိပ်မှ တက်သွား သည့် လေယာဉ်များဖြစ်ကြောင်း သိရှိရသည်။

Tigyaing Revolution -TR ကမူ ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန် တံ တား ဦးလေတပ်မှ တက်လာသော YAK 130 ဂျက်ဖိုက်တာ ၁ စီး ဖြင့် အလယ် တော နှင့် အင်ကြင်းကုန်း ရွာ အရှေ့တော သို့ (၅)ကြိမ်တိုင်တိုင် ပတ်၍ ဗုံးကျဲ ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

စစ်တပ်က တိုက်လေယာဉ်ဖြင့် ၅ ကြိမ်ပစ်ခတ်ပြီး လက်နက်ကြီး ၁၁ လုံးလည်း ပစ် ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေ၍ ကျေးရွာ ၅ ခုမှ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article