38 C
Yangon

ပေါက်မြို့နယ်၊ ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနှင့်ဂွေးဂုဏ်ရွာမှ နေအိမ် ၉၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းမှ ထွက်လာသော ပျူစောထီး နှင့်စစ်သားများကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိပြီးနောက် ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနှင့်ဂွေးဂုဏ်ရွာမှ နေအိမ် ၉၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၊ စစ်သားနှင့် ပျူစောထီး များသည် ဇီးပြားစခန်းထွက်လာပြီး လမ်း တလျောက်တွင် ကာ ကွယ် ရေး တပ်ဖွဲများဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကြောင်း၊ ညောင်ရင်းရွာ တွင် မိုင်းပွိင့် အနည်းဆုံး ၇ပွိင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ပျူစောထီးများက အထိနာသွားပြီးနောက် ညောင်းရင်းရွာမှ နေ အိမ် ၈၆ လုံး၊ ခဲပင်အင်းရွာ နေအိမ် ၆ လုံး ဂွေးဂုဏ်ရွာမှ နေအိမ် ၄ လုံး စုစု ပေါင်း နေအိမ် ၉၆ လုံးကို မီးတင်ရှို့သွားကြောင်း၊ မီးရှို့နေသော စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အုပ်စလိုက် ထွက်ပြေးသွားကြကြောင်း ၊ ယနေ့ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရ သည်။

“မနေ့က၂၈ရက်နေ့ကပေါက်မြောက်ပိုင်းဇီးပြားစခန်းကိုရိက္ခာပို့ပီးပြန်လာတဲ့စခအင်အား၁၅၀ခန့် ကား ၄ စီး အပါ အဝင် ညောင်ရင်းရွာကိုမီးဝင်ရှို့သွားပါတယ်။ အိမ်ခြေ ၈၆လုံးမီးလောင်ပြာကျခဲ့ပါတယ် ရွာကာကွယ် ရေးနဲ့မဟာမိတ် အဖွဲ့ တွေ ရဲ့ခုခံကာကွယ်မှုကြောင့်၂နာရီနီးပါးထိမ်းထားနိုင်ခဲ့ပြီး လက်နက် မမျှလို့ ပြန်ဆုတ်ရပါတယ်ခွေးတွေဘက်က၂ကောင်ကျတယ်။ သွေးအိုင်တခုလည်း တွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article