31 C
Yangon

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က လမ်းအမှတ် ၁ ညောင်ပင်လမ်းဖွင့်ပွဲ ပြုလူပ်

Must read

ရန်ကုန်၊ ဧပြီ ၂၉

ပခုက္ကူမြို့နယ်တွင် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လမ်းအရှည် ၅.၅မိုင်ခန့်ရှိပြီး ခန့်မှန်းကုန်ကျငွေ သိန်း၉၀ခန့် ကုန်ကျခဲ့သည့် လမ်းအမှတ် ၁ ညောင်ပင်လမ်းကို ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် ဖွင်လှစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပခုက္ကူမြို့နယ် ဘဏ္ဍာရန်ပုံငွေအခွန်ခွဲတမ်းမှ အသုံးပြုခဲ့​ခြင်းဖြစ်ကြောင်း၊ လမ်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော့ဖေ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ကိုဇင်ယော်၊ပခုက္ကူမြို့နယ်ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲနှင့်ပခုက္ကူမြို့နယ်ဘဏ္ဍာရေးတာဝန်ခံ ဒေါ်တီကျုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့်တပ်ရင်းများမှ တပ်ခွဲမှူးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article